93

1.6K 161 7
                                    

Unicode

တစ်ချိန်တည်းမှာပဲ လီချန်ဖန်းတစ်ယောက် အင်တာနက်ပေါ်မှ ရှန်ယန်းရဲ့ စေ့စပ်ကြောင်းလမ်းသတင်းကို ကြည့်ပြီး နှုတ်ခမ်းတွေကို တင်းတင်းဖိချေထားမိတယ်။ ဒါပေမဲ့လည်း သူ့ရဲ့နတ်ဘုရားမက သူ့ထက်အများကြီးပိုကောင်းတဲ့လူနှင့် ထိုက်တန်တာပဲလို့ တွေးမိတယ်။

မုရီအန်းက ပိုကောင်းတဲ့လူဖြစ်ပေမယ့် သူ ရှန်ယန်းကို ကူညီချင်သေးတယ်။ သူမသာ မုရီအန်းနဲ့လက်ထပ်လိုက်ရင် မုမိသားစုထဲကိုဝင်သွားရတော့မှာလေ။ 
ဒီတော့ သူသာ ရှန်ယန်းကို ကူညီချင်သေးရင် ဒီထက်ပိုပြီး အလုပ်ကြိုးစားဖို့လိုတယ်။ သူ့ရဲ့ ကုမ္ပဏီကို ပိုမိုတိုးတက်ကောင်းမွန်လာအောင် မြှင့်တင်ရမယ်။ ဒါဆို ရှန်ယန်း ပိုင်ဆိုင်ထားတဲ့ သူ့ကုမ္ပဏီမှ ရှယ်ယာတွေကလည်း တန်ဖိုးမြင့်တက်လာလိမ့်မယ်။

လီချန်ဖန်းရဲ့ကုမ္ပဏီမှ လူတွေက လီချန်ဖန်းနဲ့အတူ ညစာစားဖို့စီစဥ်ထားကြတယ်။  လီချန်ဖန်းရဲ့နတ်ဘုရားမက စေ့စပ်လိုက်ပြီဖြစ်တာကြောင့် သူ့ကိုနှစ်သိမ့်ပေးဖို့လိုအပ်တယ်လေ။  သို့ပေမဲ့ လီချန်ဖန်းရောက်ရှိလာချိန်မှာတော့ သူက လူတိုင်းကိုပြောလာတယ်။

"အချိန်ပိုဆင်းရမယ်"

လူတိုင်း: "???"

လီချန်ဖန်းရဲ့  နတ်ဘုရားမစေ့စပ်တဲ့အပေါ် သူ့ရဲ့တုံ့ပြန်မှုကို အဖွဲ့သားတွေက သံသယရှိခဲ့ကြပေမဲ့ သူ့စကားကိုနားထောင်ကြဆဲပဲ။ နောက်ဆုံးမှာ သူ့ရဲ့နတ်ဘုရားမက စေ့စပ်သွားပြီး သူက အချိန်ပိုဆင်းနေခဲ့တယ်။

“စေ့စပ်လိုက်တယ်”

လုယွင်ချန်းရဲ့အေးဂျင့်က လုယွင်ချန်းဆီကို အပြေးအလွှားရောက်လာခဲ့တယ်။ သူက နေရာမှာထိုင်နေဆဲဖြစ်တဲ့ လုယွင်ချန်းကိုကြည့်ပြီး:

"ရှန်ယန်းနဲ့ မုရီအန်းတို့ စေ့စပ်လိုက်ပြီ.. ရှန်ယန်းက မင်းရဲ့ကားပေါ်မှာရှိနေတာမလား..  သူ ဘယ်လိုလုပ် စေ့စပ်လိုက်ရတာလဲ ...... မင်းကရော မုရီအန်းဆီကနေ ဇနီးလုယူနိုင်ပါဦးမလား .. သူတို့နှစ်ယောက်က စေ့စပ်လိုက်ကြပြီလေ”

လုယွင်ချန်းက ထရပ်ကာ ကိုလာတစ်ဘူး ထုတ်ယူလိုက်ပြီး သူ့အေးဂျင့်ကို ပေးလိုက်တယ်။

ပြန်လည်မွေးဖွားလာသော ဗီလိန်ရဲ့ရည်းစားဟောင်း (Myanmar translation)Where stories live. Discover now