Chapter (69)

3.7K 514 21
                                    

Zawgyi

ဝန်ထမ်းတွေမှ ရရှိထားတဲ့ voteကိုရေတွက်ပြီးချိန်မှာတော့ အဏီအစဉ်ကြေညာသူက မိုက်ခရိုဖုန်းကိုကိုင်ကာ စင်ပေါ်တက်ပြီး ပြောလာတယ်။

"ရှန်ယန်းက (807)voteရရှိပါတယ် အနိုင်ရရှိသွားတဲ့ ရှန်ယန်းကို ဂုဏ်ပြုလိုက်ရအောင်!"

လီဟဲ:???

ဒီဝန်ထမ်းကို သူတို့အနိုင်ရတဲ့အချိန်မှာကြေညာဖို့အတွက် သူတို့ကိုယ်တိုင်ငှားရမ်းထားတာဖြစ်ပြီး အခုချိန်မှာတော့ထိုသူက တခြားတစ်ယောက်ကို ဂုဏ်ပြုစကားပြောပေးနေရပြီ။

လူတိုင်းက ဒီပြိုင်ပွဲကို လီရှင်းမှ ရှန်ယန်းကိုစိန်ခေါ်ရာမှအစပြုခဲ့တာဖြစ်ကြောင်းသိရှိထားပြီးဖြစ်တာကြောင့် လီဟဲက ပွဲစဉ်အကြောင်းတွေ၊ရလဒ်တွေကိုကြေညာဖို့အတွက် လူငှားယမ်းပေးခဲ့ရတာဖြစ်တယ်။

ဒါပေမယ့်အခုတော့ရှန်ယန်းကအနိုင်ရရှိသွားခဲ့ပြီး ရှန်ယန်းရဲ့အောင်မြင်မှုကို ဝမ်းသာဂုဏ်ပြုရန်အတွက်ကြေညာပေးနေခဲ့တယ်။ သူတို့တွေဘယ်လိုများ တွေးတောနေခဲ့ကြမလဲ။

ထိုဝန်ထမ်းက အဓိကအချက်ကို ချက်ချင်းပဲတုံ့ပြန်ခဲ့တယ်။ သူမက လုယွင်ချန်းရဲ့ပရိသတ်ဖြစ်ပြီး လက်ရှိမှာ အရမ်းကိုစိတ်လှုပ်ရှားနေခဲ့တာကြောင်းအမှားလုပ်မိသွားပေမယ့် သူမကိုငှားရမ်းထားတဲ့လူကိုပြန်လည်သတိရသွားတာကြောင့် ကပြာကယာပြောဆိုလိုက်တယ်။

"လီရှင်းက ရှုံးနိမ့်သွားတယ်ဆိုပေမယ့်လည်း သူမဆက်ပြီးတော့ အလုပ်တွေကြိုးစားလိမ့်မယ်လို့မျှော်လင့်မိပါတယ်"

ထိုအချိန်မှာပဲ လီရှင်းက စင်ပေါ်သို့တက်လာပြီး မိုက်ခရိုဖုန်းကိုကောက်ကိုင်လိုက်တယ်။

"ကျွန်မရှုံးသွားတဲ့အတွက် ပြိုင်ပွဲကနှုတ်ထွက်လိုက်ပါ့မယ်"

သူမက ပြောပြီးပြီးချင်းပဲ အောက်သို့ပြန်ပြေးဆင်းသွားကာ လီဟဲနှင့်အတူ နာနီကားထဲသို့ဝင်လိုက်တယ်။

ထိုနေရာမှာ သတင်းထောက်တွေအများကြီးရှိနေပြီး လီရှင်းကိုမေးမြန်းဖို့စာင့်နေခဲ့ကြပေမယ့် လီရှင်းက ထွက်ပြေးသွားခဲ့ပြီလေ။ လုယွင်ချန်းနဲ့ ရှန်ယန်းတို့နှစ်ယောက်ကတော့ အစောကြီးကတည်းက ပွဲအတွင်းကနေပျောက်သွားခဲ့ကြတာ။

ပြန်လည်မွေးဖွားလာသော ဗီလိန်ရဲ့ရည်းစားဟောင်း (Myanmar translation)Tahanan ng mga kuwento. Tumuklas ngayon