Zawgyi
ရှန်ယန်းနှင့်ကျန်းရုံတို့ လူရွေးပွဲအတွင်းမဝင်ရသေးခင်မှာ သူတို့နှင့်မနီးမဝေးမှာရှိနေတဲ့ကားတစ်စီးက အနားကိုဖြည်းညှင်းစွာလှိမ့်လာပြီး နေကာမျက်နှာတပ်ဆင်ထားတဲ့ လူချောလေးတစ်ယောက်ရဲ့မျက်နှာက ကားမှန်နောက်မှ ပေါ်ထွက်လာတယ်။
လုယွင်ချန်း နေကာမျက်မှန်ကိုဆွဲချွတ်လိုက်ကာ နှုတ်ခမ်းထောင့်စွန်းတွေကိုကော့တက်သွားစေပြီး ပြောလိုက်တယ်။
" သူ(မ)က တော်တော်လေးဆွဲညှို့နိုင်စွမ်းရှိတာပဲ"
လုယွင်ချန်းရဲ့အေးဂျင့်ဖြစ်သူကတော့ ဟက်ဟက်ပက်ပက်ရယ်မောပြီး ပြန်လည်ချေပတယ်။
“အမ်.. မင်းရဲ့ black fanလေးက တော်တော်သဘောကျစရာကောင်းတယ် အာ "
အဲဒီနောက် သူကထပ်ဖြည့်ပြီးပြောလိုက်ပြန်တယ်။
" နှစ်သစ်ကူးကို မင်းတစ်ယောက်တည်းဖြတ်သန်းနေရတာ 28နှစ်တောင်ရှိနေပြီနော် " (ခုထိ ဆင်ဂယ်ဘဝကမကျွတ်သေးဘူးလို့ပြောချင်တာပါ XD)
"ဟမ်..!?"
" အဆင်ပြေပါတယ် အဆင်ပြေပါတယ် "
တကယ်လို့ တခြားတစ်ယောက်သာ လုယွင်ချန်းရဲ့အေးဂျင့်အဖြစ်ရှိနေမယ်ဆိုရင်တော့ လုယွင်ချန်းကို ရည်းစားထားဖို့ခွင့်ပြုပေးမှာမဟုတ်လောက်ဘူး ။ ဒါပေမယ့် လက်ရှိလုယွင်ချန်းရဲ့အေးဂျင့်က လုယွင်ချန်းရဲ့သူငယ်ချင်းလေ။
နောက်ပြီး လုယွင်ချန်းကလည်း လုမိသားစုရဲ့တစ်ဦးတည်းသောသားဖြစ်နေသေးတယ်။ လုမိသားစုထဲမှလည်း လုယွင်ချန်းကိုရည်းစားထားဖို့ ဖိအားပေးပြောရဲမယ့်သူ တစ်ဦးမှရှိမနေဘူး။ ဒီတော့ သူတို့က လုယွင်ချန်းရဲ့သူငယ်ချင်းလည်းဖြစ် အေးဂျင့်လည်းဖြစ်တဲ့သူကိုသာ တစ်စုံတစ်ယောက်နဲ့ဒိတ်လုပ်ရန်တိုက်တွန်းပေးဖို့ တောင်းဆိုနိုင်တော့တယ် ။
သူတို့အနေနဲ့ကတော့ လုယွင်ချန်းရဲ့ဇနီးအဖြစ်ဝင်လာမယ့်မိန်းကလေးရဲ့ မိသားစုနောက်ခံအသိုင်းအဝိုင်းကိုဂရုစိုက်မှာမဟုတ်ဘူး။ သူမက လုယွင်ချန်းနဲ့အချိန်အကြာကြီးအတူရှိသွားနိုင်ပြီး ကောင်းမွန်တဲ့စရိုက်ရှိတဲ့သူဖြစ်ရင် လက်ခံပေးမှာဖြစ်တယ်။
YOU ARE READING
ပြန်လည်မွေးဖွားလာသော ဗီလိန်ရဲ့ရည်းစားဟောင်း (Myanmar translation)
RomanceThis novel is not mine. Just a fan translation. Unicode +Zawgyi Author - 桃花引