(99)

1.1K 92 4
                                    

(99)

နာနီကားပေါ်ရောက်နေတဲ့ ရှန်ယန်းက ကျိုးရို ယူလာတဲ့ မနက်စာကို ကြည့်လိုက်တယ်။ သူမ ဝမ်တန်ဟင်းချိုကို သောက်လိုက်ပြီး အကြော်မုန့်နဲ့ တွဲဖက်စားလိုက်ကာ ကျိုးရိုကို လှမ်းပြောလိုက်တယ်။

"ကျေးဇူးပါ အစ်မကျိုး"

ကျိုးရို: "ဘာလို့ ငါနဲ့ ခပ်ဝေးဝေးမှာနေချင်ပြီး ငါယူလာတဲ့ မနက်စာကိုကျ စားနေရတာလဲ"

ရှန်ယန်း စကားမပြောဘဲ ပြုံးရုံသာပြုံးကာမနက်စာ ဆက်စားလိုက်တယ်။ သူမက သူတို့ရဲ့ကောင်းကျိုးအတွက် အခြားသူတွေနဲ့ ဝေးဝေးနေဖို့လုပ်ခဲ့တာပါ။

ဒီနေ့ ရှန်ယန်းသွားရမဲ့လူရွေးပွဲက တတိယအဆင့် အမှတ်တံဆိပ်ဖြစ်တဲ့ Skincare အတွက် ထောက်ခံချက်ပေးဖို့ဖြစ်လေတယ်။ ရှန်ယန်းရဲ့ လက်ရှိ coffee ထောက်ခံချက်က အတော်လေး သင့်တင့်ကောင်းမွန်တယ်။ လက်ရှိတစ်ခုကလည်း တတိယအဆင့်ထုတ်ကုန်ဖြစ်ပေမဲ့ ကုမ္ပဏီက နှစ်ပေါင်းများစွာရပ်တည်နေခဲ့တာဖြစ်ပြီး လူရွေးပွဲတွေလည်း အများကြီး လုပ်ခဲ့တယ်။

ကျိုးရို: "သူတို့က မင်းကို လူရွေးပွဲအတွက် အရင်ဖိတ်ခေါ်ခဲ့တာဆိုတော့ ဒီလူရွေးပွဲကို မင်းအောင်မြင်လိမ့်မယ်လို့ ငါထင်တယ်..  မင်းက အခု အတော်လေး နာမည်တက်နေတယ်တယ်.. လှလည်း လှတယ်..  အသားအရေလည်း လှတယ်လေ"

ပြီးနောက် သူမက မျက်မှောင်ကြုတ်လိုက်တယ်။

"ဘာလို့ မိတ်ကပ်မလိမ်းလာတာလဲ"

ရှန်ယန်း: “ဒါဟာ အသားအရေထိန်းသိမ်းမှုထုတ်ကုန်ရဲ့ ထောက်ခံချက်လေ .. ကျွန်မအသားအရည်ကို ဘာမှမလိမ်းထားချင်ဘူး"

ကျိုးရို မေးပြီးမှ ရှန်ယန်းက မုရီအန်းအိမ်မှာနေထိုင်ပြီးနောက် အလှကုန်ပစ္စည်းတစ်ခုတလေမှ ယူဆောင်မလာတာကို သတိရသွားတယ်။

"မင်းလိုချင်တာတွေရှိရင် ပြောလိုက်လေ ငါမင်းရဲ့ အဝတ်အစားနဲ့ အလှကုန်ပစ္စည်းတွေကို နေ့တိုင်းယူလာခဲ့မယ်"

ရှန်ယန်း မနေ့ညကလည်း ညစာမစားထားတာကြောင့် သဘောတူလိုက်ပြီးနောက် ဝမ်တန်တစ်ပန်းကန်လုံးနဲ့ မုန့်ချောင်းကြော်တွေအကုန်လုံးကို စားလိုက်တယ်။

ပြန်လည်မွေးဖွားလာသော ဗီလိန်ရဲ့ရည်းစားဟောင်း (Myanmar translation)Where stories live. Discover now