96

1.3K 119 3
                                    

(96)🍀

ရှန်ယန်း ကားပြတင်းပေါက်ကိုဖြတ်ကာ အပြင်ဘက်မှာ မတ်တပ်ရပ်နေတဲ့ လုယွင်ချန်းကို တွေ့လိုက်ရတယ်။ သူမ ကားပေါ်ကဆင်းလိုက်ပြီး လုယွင်ချန်းကိုနှုတ်ဆက်လိုက်တယ်။

"မင်္ဂလာမနက်ခင်းပါ"

လုယွင်ချန်းက ပြုံးပြီး ရှန်ယန်းဆီကို မနက်စာလှမ်းပေးလာတယ်။

"မင်္ဂလာမနက်ခင်း"

ရှန်ယန်း ပဲနို့တစ်ငုံသောက်ရင်းပြောလိုက်တယ်။

"ကလေးကို ရှင်ခေါ်လာမှာလား.. မဟုတ်ရင် ကျွန်မပြန်သွားခေါ်လိုက်မယ်လေ.. ကျွန်မ ခုနကပဲ အဲနားကဖြတ်လာတာ"

လုယွင်ချန်း သူ့ကို ပြန်ဆွဲထားလိုက်တယ်။

"မင်းရဲ့ ပဲနို့ကိုပဲ ကုန်အောင်သောက်ဦး"

"ရှင့်လိုမျိုး ကြယ်ပွင့်အကြီးစားက ပဲနို့လေးကို ဂရုစိုက်နေသေးတာလား"

"အဲဒါကို ကိုယ်အစောကြီးထပြီး သွားဝယ်လာတာလေ ဂရုစိုက်တာပေါ့"

“………”

ရိုက်ကူးရေးအဖွဲ့သားတွေက အရှေ့ကို တိုးကပ်ကာပြောလာတယ်။

"ရှန်ယန်းက နတ်ဘုရားယွင်ချန်းနဲ့ ပူးပေါင်းနေတာပဲ"

သူမက  သူတို့ထံသို့ ကတ်တစ်ခုယူပေးလာတယ်။

“ဒါက မင်းတို့ရဲ့ကလေးပဲ.. သူ့ကိုသွားခေါ် ပြီးရင်းနှီးအောင် လုပ်လို့ရတယ်"

ဒီပရိုဂရမ်က တိုက်ရိုက်ထုတ်လွှင့်နေပြီဖြစ်ကာ ဧည့်သည်ခြောက်ယောက်နှင့် ကလေး သုံးယောက်ပါသော အုပ်စုသုံးစုရှိတာကြောင့် တိုက်ရိုက်ထုတ်လွှင့်မှုကို သုံးပိုင်းခွဲခြားထားတယ်။ ပရိသတ်တွေက ကိုယ်သဘောကျတဲ့ဘက်ကို သီသန့်ကြည့်ရှုတာဖြစ်ဖြစ် အကုန်လုံးကိုအတူတကွကြည့်တာပဲဖြစ်ဖြစ်ရွေးချယ်နိုင်တယ်။

လက်ရှိမှာတော့ barrage က လှုပ်ရှားသက်ဝင်နေခဲ့ပြီ။

[အား အား အား အား  ရှန်ယန်းက နတ်ဘုရားလုယွင်ချန်းနဲ့ ပျားရည်တွေသောက်နေကြတာလား ဘာလို့အရမ်းချိုနေရတာလဲ]

[ငါ့ရဲ့ပဲနို့ကိုသောက်ရင် မင်းကငါ့လူပဲ]

[ဟားဟားဟားဟား]

ပြန်လည်မွေးဖွားလာသော ဗီလိန်ရဲ့ရည်းစားဟောင်း (Myanmar translation)Where stories live. Discover now