Zawgyi
မုရီအန်းရဲ့မျက်နှာက မည်းမှောင်သွားခဲ့တာကြောင့် ကားကိုမောင်းနေတဲ့ဒရိုက်ဘာက ကြောက်လန့်တုန်လှုတ်သွားပြီး ကားစီယာတိုင်ကိုကိုင်ထားတဲ့လက်တွေမှာ ချွေးတွေနဲ့စို့နှစ်သွားရတယ်။ ကံကောင်းစွာနဲ့ မီးပွိုင့်အနီးကိုရောက်လာတဲ့ကြောင့် မှာ ကားကိုထိုးရပ်လိုက်ရတယ်။အစီအစဉ်ကတော့ ဆက်လက်ထုတ်လွှင့်နေခဲ့တယ်။
"ဒီတော့ ချစ်သူတွေ လမ်းခွဲပြီးတဲ့နောက်မှာ ပေးခဲ့ဖူးတဲ့လက်ောင်တွေက် လွှင့်ပစ်လိုက်ဖို့လိုအပ်လား ပရိတ်သတ်တွေအနေနဲ့ ကိုယ့်ရဲ့ထင်မြင်ချက်တွေကိ ဖုန်းခေါ်ပြီး ကျွန်မတို့နဲ့အတူ ဝေမျှနိုင်ပါတယ်နော်"
ဒါရိုင်ဘာကနေ ကားကိုဆက်မောင်းလိုက်ပြီး ခဏအကြာမှာတော့ ကုမ္ပဏီရဲ့ရှေ့မှာ ရပ်တန့်လိုက်တယ်။ ကားပါကင်ကိုရောက်တော့ သူက ထစ်ငေါ့နဲ့စွာနဲ့ပြောလိုက်တယ်။
"Mr.မု ကျွန်တော်တို့ ရောက်ပါပြီ"
သူက ပြောပြီးပြီးချင်းပဲ ကားပေါ်ကဆင်းကာ မုရီအန်းအတွက် ကားတံခါးဖွင့်ပေးဖို့ပြင်လိုက်ပေမယ့် သူမဖွင့်ရသေးခင်မှာပဲ လက်ထောက်ဝူက ဖွင့်ပေးလိုက်တယ်။
ကားထဲကထွက်လာပြီးနောက် မုရီအန်းက အင်္ကျီလက်ကို အေးဆေးတည်ငြိမ်နဲ့အမူအယာနဲ့ခေါက်ကာ စိတ်ဝင်စားမှုမရှိတဲ့လေသံနဲ့မေးလိုက်တယ်။
"ရှန်ယန်း ခုနောက်ပိုင်း ဘာတွေလုပ်နေလဲ?"
လက်ထောက်ဝူက စိတ်အလောတကြီးဖြစ်သွားရတယ် ။သူ့အနေနဲ့အဖြေကိုမသိတာကြောင့် ရမ်းသန်းပြီးမဖြေရဲဘူး ။
လက်ထောက်ဝူကို စိုက်ကြည့်လိုက်ပြီး မုရီအန်း အရှေ့ကိုပဲဆက်လျှောက်သွားလိုက်တယ်။ သူ ဘာမှမပြောခဲ့ဘူးဆိုပေမယ့် လက်ထောက်ဝူက မုရီအန်းရဲ့ဆိုလိုရင်းကို နားလည်သဘောပေါက်လိုပ်တာကြောင့် ချက်ချင်းပဲ ရှန်ယန်းအကြောင်းကိုစုံစမ်းလိုက်တယ်။
လက်ထောက်ဝူက ရှန်ယန်းနဲ့ မုရီအန်းရဲံဆက်ဆံရေးကို သိနေတာကြောင့် မုရီအန်း ဘာကိုဆိုလိုတာလဲဆိုပြီးတွေးတောနေခဲ့တယ်။ မုရီအန်းက ရှန်ယန်းကိုမုန်းနေတာဆိုတော့ ရှန်ယန်းဆီကတစ်ခုခုလုပ်ချင်နေလို့ပဲဖြစ်လိမ့်မယ်။
YOU ARE READING
ပြန်လည်မွေးဖွားလာသော ဗီလိန်ရဲ့ရည်းစားဟောင်း (Myanmar translation)
RomanceThis novel is not mine. Just a fan translation. Unicode +Zawgyi Author - 桃花引