Zawgyi
လီဆွေ့ယီက ကမန်းကတန်းပြန်ပြောလာတယ် ။
" ရှန်ယန်းနဲ့ရီအန်းပါ ။ ဒီကောင်မလေးက ရီအန်းကိုနှောင့်ယှက်နေလို့ ရီအန်းကို တစ်ယောက်တည်းထားခဲ့ဖို့ပိုက်ဆံသွားပေးတာ ၊ ဒါပေမဲ့ သူမ....သူမက ကျွန်မကိုအနိုင်ကျင့်လိုက်တယ် "
မုဟိန်က ပုံမှန်အဝတ်အစားတွေကိုပဲဝတ်ဆင်ထားပေမယ့်လူကြီးလူကောင်းတစ်ယောက်ရဲ့အသွင်အပြင်မျိုးဖြစ်နေခဲ့တယ်။
"ငါထင်တာတော့ မင်းရှန်ယန်းဆီကိုသွားပြီးတစ်ခုခုသွားပြန်ပြန်ပြီမလား .. မုရီအန်းကသူဘာလုပ်နေလဲဆိုတာကို သူ့ကိုယ်တိုင်သိပ်ါတယ် မင်းစိတ်ပူနေစရာမလိုဘူး "
လီဆွေ့ယွီကအော်ဟစ်လိုက်ပြီး စကားပြောမလာတော့ဘူး။
မုရီအန်းပြန်ရောက်လာချိန်မှာတော့ လီဆွေ့ယွီတစ်ယောက် အန်တီချင်ကိုမေးမြန်းပြီးပြာယာခတ်နေခဲ့တယ်။
" ဘာလုပ်ရမလဲ Ah... ? သူမက ငါတကယ်သူမကိုဘာမှမလုပ်နိုင်ဘူးလို့တွေးနေပြီး လုံးဝအကြောက်အလန့်မရှိဘူး "
" ဒါပေမဲ့ သူဌေးကတော်က တကယ်လည်းသူ့ကိုထိခိုက်အောင်မလုပ်နိုင်ဘူးလေ "
လီဆွေ့ယွီ: ".............."
အချိန်တော်တော်ကြာပြီးနောက်မှာတော့ လီဆွေ့ယွီကပြောလာခဲ့တယ် ။
" အန်တီချင် ရှင်နောက်တစ်ခါ ဒီလောက်မတုံးတာပိုကောင်းမယ်နော်"
" ဟုတ်ကဲ့ပါ သူဌေးကတော် "
သိပ်မကြာခင်မှာပဲ မုရီအန်းက လှေကားပေါ်ကနေထပ်ပြီးဆင်းလာပြန်တယ်။
" မင်း အခုရက်ပိုင်းတွေအားလပ်နေတယ်ဆိုရင်လည်း ငါနဲ့အတူလိုက်ပြီး ရှေးဟောင်းပစ္စည်းလေလံပွဲကိုလိုက်ပြီးပန်းချီကားတွေလိုက်ကြည့်လိုက် .. ငါတို့မုမိသားစုရဲ့ ဘိုးဘေးတွေကတည်းကလက်ဆင့်ကမ်းလာတဲ့ပန်းချီကားရှိပေမယ့် ငါ့အဖေကသူ့စီးပွားရေးလုပ်ငန်းမှာသုံးဖို့ငွေလိုနေလို့ရောင်းချခဲ့တယ် .. အခုတော့သူကအဲဒီပန်းချီကားကိုပြန်လိုချင်နေပြီ "
မုမိသားစုက ယခုကာလမတိုင်မှီတုန်းကစီးပွားရေးအတက်အကျတွေနှင့်တွေ့ကြုံခဲ့ရဖူးတယ်။ ထိုအချိန်တုန်းက မိသားစုခေါင်းဆောင်ဟောင်းဆီမှာဆိုးဝါးတဲ့ငွေကြေးကျပ်တည်းမှုတွေဖြစ်ပေါ်ခဲ့ရတာကြောင့် ထိုရှေးဟောက်းပန်းချီကားတွေကိုရောင်းချရုံကလွဲပြီး ရွေးချယ်စရာမရှိခဲ့ဘူး။
YOU ARE READING
ပြန်လည်မွေးဖွားလာသော ဗီလိန်ရဲ့ရည်းစားဟောင်း (Myanmar translation)
RomanceThis novel is not mine. Just a fan translation. Unicode +Zawgyi Author - 桃花引