Chapter (33)

7K 1K 72
                                    

Zawgyi

ကျိုးရို ရဲ့ရုံးခန်းအတွင်း ...

" ငါ မင်းအတွက် ရှန်းရှဇာတ်လမ်းကို လက်မှတ်ထိုးခဲ့ပြီ မင်းရဲ့အလုပ်ကို ဘယ်လိုရွေးချယ်ရမလဲဆိုတာကောင်းကောင်းသိနေတာပဲ ah "

ခနလောက်ရပ်တန့်ပြီးနောက် သူမကဆက်ပြောလာတယ်။

“ အမျိုးသားဇာတ်လိုက်က လုယွင်ချန်းဖြစ်လိမ့်မယ်ထင်တယ်  သေသေချာချာတော့မကြေညာရသေးဆိုပေမယ့် လုယွင်ချန်းသာ ဇာတ်လမ်းထဲမှာပါမယ်ဆိုရင် လုံးဝကိုလူကြိုက်များမှာအသေအချာပဲ "

“လုယွင်ချန်း?”

ရှန်ယန်း အံ့ဩသွားရတယ် ။ ယခင်ဘဝတုန်းက အဓိကဇာတ်ဆောင်က လုယွင်ချန်းမဟုတ်ဘူးလေ ။

ဖြစ်နိုင်တာက ယခင်ဘဝကအမျိုးသားဇာတ်လိုက်အဖြစ်သရုပ်ဆောင်ခဲ့တဲ့သူက လုယွင်ချန်းဆီက ဇာတ်ကောင်ကို မယူနိုင်လို့များလား ။

ရှန်းလုဒရမ်မာ က အဲဒီအချိန်မှာအရမ်းကိုအောင်မြင်ကျော်ကြားပြီး TV seriesတွေထဲမှာ နာမည်ကြီးကျော်ကြားနေခဲ့တာလေ။ ဇာတ်လိုက်မင်းသားက တက်သစ်စလေးဖြစ်ပြီး မင်းသမီးကတော့ အောင်မြင်ကျော်ကြားနေတဲ့အနုပညာရှင်တစ်ယောက်ပဲ။

တခြားသောဇာတ်ကောင်တွေအတွက် သရုပ်ဆောင်တွေပေါ်ထွက်လာပြီဖြစ်ပေမယ့် အဲဒါတွေက သေးငယ်တဲ့ဇာတ်ပို့နေရာတွေအတွက်ပဲဖြစ်တယ်။

အဲဒီအချိန်ပြောကြတာကတော့ အဲဒီမင်းသားအသစ်လေးက ရှန်းလုဒါရိုက်တာရဲ့သားဖြစ်ပြီး ဒီဇာတ်ကားနဲ့မိတ်ဆက်ပေးခဲ့တယ်ဆိုတာပဲ ။

ဒါပေမယ့် မကြာခင်မှာပဲ ရိုက်ကူးရေးအဖွဲ့ထဲကတစ်စုံတစ်ယောက်ပြောလာခဲ့တယ်။ အဲဒီမင်းသား အဓိကဇာတ်ကောင်နေရာကိုရရှိခဲ့တာက မူရင်းအဓိကဇာတ်ကောင်အဖြစ်ရွေးချယ်ထားတဲ့မင်းသားက ကမ်းလှမ်းမှုကိုငြင်းဆန်ခဲ့တာကြောင့် ဒါရိုက်တာက ထိုတက်သစ်စမင်းသားကို အစားထိုးခဲ့တာဖြစ်တယ်ဆိုပြီးတော့ပေါ့။

ဒီတော့ အဲဒီအဓိကဇာတ်ကောင်က ယခုဘဝမှာ လုယွင်ချန်းနဲ့ ဆွေးနွေးမှုမအောင်မြင်ခဲ့တာများလား ?

ခဏနေတော့ ရှန်ယန်းက မေးမြန်းလိုက်တယ်။

“လုယွင်ချန်းက ရှန်းလုအတွက်စာချုပ်ချုပ်ပြီးပြီလား "

ပြန်လည်မွေးဖွားလာသော ဗီလိန်ရဲ့ရည်းစားဟောင်း (Myanmar translation)Where stories live. Discover now