Zawgyi
ရှန်ယန်းနဲ့ မုရီဟွန်းတို့က အဖွဲ့ရဲ့နောက်ဆုံးမှာနားမှာ တပြိုင်တည်းရောက်ရှိနေခဲ့တာဖြစ်တယ်။ ရှန်ယန်း မုရီဟွန်းကိုတွေ့တော့ ခနလောက် ထိတ်လန့်အံ့သြသွားခဲ့ရပြီး မုရီဟွန်းကို သူမရှေ့ကဝင်နိုင်ဖို့အတွက် ခြေတစ်လှမ်းနောက်ဆုတ်ပေးလိုက်တယ်။ မုရီဟွန်းက သူမကို ကျေးဇူးတင်စကားဆိုလိုက်ပြီး အကိုဖြစ်သူကိုပဲ ပျော်ရွှင်မြူတူးစွာနဲ့ အကြိမ်ပေါင်းများစွာအော်ခေါ်နေခဲ့လေတယ်။
မုရီဟွန်းမှာ မုရီအန်းလို့ခေါ်တဲ့အကိုတစ်ယောက်ပဲရှိတယ်။ ဒီတော့ မုရီအန်းလည်း ဒီပွဲကိုလာကြည့်တာလား?
သူမတို့ရှေ့ကိုအနည်းငယ်လောက်တိုးပြီးချိန်မှာတော့ မုရီအန်းက လူတန်းကြီးကိုကြားမဖြတ်ဘဲ ရှန်ယန်းနောက်မှာ ဝင်ပြီးတန်းစီလာတယ်။ ရှန်ယန်းကတော့ သူတို့နှစ်ယောက်ရဲ့ကြားထဲမှာ အပြောင်းအလဲမရှိတဲ့အမူအယာနဲ့ ရပ်နေတုန်းပဲ။
"ကိုကြီး အစည်းအဝေးမှာရောက်နေတဲ့မျက်နှာထားကြီး လုပ်မနေစမ်းပါနဲ့ လူတွေက ကိုကြီးဒီနေရာကိုဖျက်စီးဖို့စဉ်းစားနေတယ်လို့ထင်ကြလိမ့်မယ်"
" နတ်ဘုရားကြီးယွင်ချန်းက အရမ်းတော်တာနော်"
" ညီမလေးလေ ဒီနေ့ဖိတ်ကြားထားတဲ့ဧည့်သည်တော်ကို သိချင်နေတာ နတ်ဘုရားကြီးလုယွင်ချန်းက ဒီနေ့ဧည့်သည်အဖြစ်ဘယ်သူ့ကိုဖိတ်ထားလဲဆိုတာကို ခုထိမသိသေးဘူးရယ်"
မုရီအန်း အေးစက်စက်နဲ့ပြန်ပြောလိုက်တယ်။
"မင်းက ဒါကိုနိုင်ငံခြားမှာကျောင်းတက်ရတာထက်ပိုကောင်းမယ်လို့ ထင်နေတာလား"
ထိုစကားကိုကြားတော့ မုရီဟွန်းတစ်ယောက် ဘာစကားမှမပြောရဲလေတော့ဘူး။
ရှန်ယန်းအနေနဲ့ ယခင်ဘဝမှာတုန်းက မုရီဟွန်းနဲ့ အများကြီးအဆက်အသွယ်မရှိခဲ့ဖူးဘူး။ ဒါပေမယ့် မုရီဟွန်းက သူမကိုဖျောင်းဖျပေးခဲ့တဲ့ တစ်ဦးတည်းသောသူပဲ။
" ငါ့အကိုက နင့်ကိုမကြိုက်တော့ဘူးလေဟာ ဘာလို့သူ့ထက်ပိုသာတဲ့လူကို မရှာရတာလဲ .. ဒီကမ္ဘာမှာ ယောက်ျားက ငါ့အကိုတစ်ယောက်ပဲရှိတာမဟုတ်ဘူးလေ နင့်မှာတခြားရွေးချယ်စရာတွေအများကြီးရှိသေးတယ် ရုပ်ရှင်နတ်ဘုရား လုယွင်ချန်းဆိုရင်ရောဘယ်လိုလဲ သူလည်း လက်မထပ်ရသေးဘူးလေ ငါနင့်ကို သူနဲ့သဘောတူနေတာ"
YOU ARE READING
ပြန်လည်မွေးဖွားလာသော ဗီလိန်ရဲ့ရည်းစားဟောင်း (Myanmar translation)
RomanceThis novel is not mine. Just a fan translation. Unicode +Zawgyi Author - 桃花引