Unicode
ထိုအချိန် မုမိသားစုအိမ်တွင်..
လီဆွေ့ယွီတစ်ယောက် ကိုယ်လုပ်တော်ချန်ဇာတ်လမ်းတွဲကို နေ့စဥ်နေ့တိုင်း အချိန်မှန်စွာ ကြည့်ရှုခဲ့တယ်။ သူမက အွန်လိုင်းပေါ်မှာ ထိုဇာတ်လမ်းအတွက် မှတ်ချက်တွေအများကြီးတောင် ချန်ထားခဲ့သေးတယ်။ သူမ ရှန်ယန်းရဲ့အွန်လိုင်းဒရာမာကို စိတ်ပါဝင်စားစွာကြည့်နေကြောင်းကို တခြားလူတွေကို မသိစေချင်တာကြောင့် ခြံဝင်းထဲမှာရှိတဲ့ ကျောက်စားပွဲဆီကိုသွားကာ အသီးအနှံတွေစားရင်း ကြည့်ရှုလေ့ရှိတယ်။
နောက်ပြီး အန်တီချန်ထံမှ ပူညံပူညံအသံတွေကို ထပ်မကြားချင်တော့တာကြောင့် သူမက ဇာတ်လမ်းကြည့်တဲ့အချိန်မှာ အန်တီချင်နဲ့အတူ မကြည့်တော့ဘူး။
ဒီနေ့မှာ ရှန်ယန်းသရုပ်ဆောင်ထားတဲ့ ကိုယ်လုပ်တော်လန် ပေါ်ထွက်လာတော့မှာဖြစ်တာကြောင့် လီဆွေ့ယွီ ယခင်နေ့တွေထက်ပိုပြီး အလေးအနက်ထားကာ စောင့်ကြည့်နေခဲ့တယ်။ သူမက ကိုယ်လုပ်တော်လန်ကို ဇာတ်လိုက်မရဲ့တွဲဖက်အဖြစ် ယူဆထားတာကြောင့် ဇာတ်လိုက်မ ထံမှာအနိုင်ကျင့်ခံရလောက်တယ်လို့တွေးမိပြီး ရယ်မောမိပြန်တယ်။
သူမက ရှန်ယန်းကို အနိုင်မကျင့်နိုင်ဘူးဆိုမှတော့ ရှန်ယန်း ဇာတ်လမ်းထဲမှာ အနိုင်ကျင့်ခံရတာကိုကြည့်ရမှာပေါ့။ လီဆွေ့ယွီတစ်ယောက် တစ်စုံတစ်ခုကိုထပ်တွေးမိကာ ပိုပြီးပျော်လာရပြီး နှုတ်ခမ်းထောင့်စွန်းတွေက အောက်ကိုပြန်မကျနိုင်တော့ဘူး။ သူမ(လီဆွေ့ယွီ)က အရမ်းကို စမတ်ကျတာပဲ!
အဲဒီနောက်မှာတော့ လီဆွေ့ယွီ ဖုန်းကို လှမ်းယူလိုက်ပြီး နံပါတ်တစ်ခုကိုလှမ်းဆက်လိုက်တယ်။
" အမျိုးသမီးဇာတ်လိုက်ဆီကနေ အနိုင်ကျင့်ခံရတဲ့ အမျိုးသမီးဇာတ်ရန်နေရာပါတဲ့ ဇာတ်ကားတွေရှိလား.. ရိုက်ကူးခါနီးဖြစ်ပေမယ့် ဇာတ်ဆောင်တွေကိုအတည်ပြု မရွေးချယ်ရသေးတဲ့ဟာဖြစ်ရမယ်.. ရှိရင် ငါရင်းနီးမြှပ်နှံချင်တယ်.. တစ်ခုပဲ အနိုင်ကျင့်ခံရမယ့်မင်းသမီးနေရာကိုတော့ ငါအကြံပေးတဲ့သူကိုထည့်ပေးရမယ်"ဖုန်းထဲမှာပြောဆိုပြီးတဲ့နောက် သူမ ဇာတ်လမ်းကိုပြန်ကြည့်ပြန်တယ်။
YOU ARE READING
ပြန်လည်မွေးဖွားလာသော ဗီလိန်ရဲ့ရည်းစားဟောင်း (Myanmar translation)
RomanceThis novel is not mine. Just a fan translation. Unicode +Zawgyi Author - 桃花引