Hey! I'm back!
Unicode
မုမိသားစု..
ရှန်းလုလူရွေးပွဲ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ပြီးနောက် လီဆွေ့ယွီသက်ပြင်းချလိုက်တယ်။
"ရှန်ယန်းက ဘာလို့ အမျိုးသမီးဇာတ်လိုက်ဖြစ်သွားရတာလဲ.. သူမသာနာမည်ကြီးလာရင် အနာဂတ်မှာ ငါတီဗီဖွင့်ကြည့်မိတိုင်း သူမသရုပ်ဆောင်ထားတဲ့စီးရီးတွေနဲ့တိုးနေရင် ဘယ်လိုလုပ်ရမလဲ”
သူမပြောပြီးချိန်မှာပဲ အန်တီချင်က ချောကလက်တွေ သယ်ဆောင်ပြီးရောက်လာခဲ့တယ်။ ရှန်ယန်း ထောက်ခံထားတဲ့ Sweetချောကလက်တွေလေ။
လီဆွေ့ယွီ:"...."
အိတ်ခွံပေါ်မှာ ရှန်ယန်းနဲ့ လုယွင်ချန်းရဲ့ပုံတွေအပြင် လက်မှတ်တွေတောင်ပါလိုက်သေးတယ်။
လီဆွေ့ယွီ:"ရှန်ယန်းက ဘာလို့ ဒီလောက်တောင်စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းရတာလဲ"
"ဒါဆို သူ့ကိုလုပ်လိုက်တာ အမေလား"
မုရီအန်းရဲ့လေသံက ဖော်မပြနိုင်လောက်အောင်ဖြစ်နေပြီး သူရဲ့အကြည့်တွေကြောင့် လီဆွေ့ယွီတစ်ယောက် ထူးဆန်းနေသလိုခံစားရတယ်။
လီဆွေ့ယွီ:"ငါက ဘာလုပ်လို့လဲ"
မုရီအန်း:"ရှန်းလုလူရွေးပွဲ"
လီဆွေ့ယွီ ထိတ်လန့်သွားသော်လည်း အန်တီချင် ကိုမြင်တော့ ချက်ချင်းပဲစိတ်ငြိမ်သွားပြန်တယ်။ အန်တီချင်ကြောင့်သာမဟုတ်ရင် သူမ ရှန်ယန်းကိုတစ်ခုခုလုပ်ချင်လုပ်ခဲ့မိမှာပေါ့။ ဒါပေမဲ့အဓိကကတော့ သူမ တကယ်ကြီးမလုပ်ရဲခဲ့လို့ပါပဲ။ ဒီတော့ ရှန်ယန်းကို သူမ ဘာမှမလုပ်ခဲ့ဘူးလေ။ လီဆွေ့ယွီ သားဖြစ်သူကိုပြန်လည်ငြင်းခုန်လိုက်တယ်။
"ဘယ်သူက အဲလိုပြောခဲ့တာလဲ ငါက ရှန်ယန်းကို တိုက်ခိုက်တယ်ပေါ့လေ.. ရှန်ယန်းကို ငါက ဘာကြောင့် တိုက်ခိုက်ရမှာလဲ၊ သူက မင်းရဲ့ရည်းစားဟောင်းလေ၊ မင်းရဲ့ ပတ်သက်ခဲ့တဲ့လူပဲကို၊ မင်းက ငါ့သားပဲ.. ငါဘာလို့ သူ့ကို တိုက်ခိုက်ရမှာလဲ"
ထိုစကားကိုပြောပြီးနောက် လီဆွေ့ယွီ အန်တီချင်ရဲ့အကူအညီနဲ့ထိုင်ခုံမှာဝင်ထိုင်လိုက်တယ်။
YOU ARE READING
ပြန်လည်မွေးဖွားလာသော ဗီလိန်ရဲ့ရည်းစားဟောင်း (Myanmar translation)
RomanceThis novel is not mine. Just a fan translation. Unicode +Zawgyi Author - 桃花引