Chapter (70 )

3.9K 510 15
                                    

Zawgyi

ကျိုးရို ခဏလောက်ချီတုံချတုံဖြစ်ပြီးမှ မေးမြန်းလိုက်တယ်။

"မင်းသီချင်းကောင်းကောင်းဆိုနိုင်တာပဲ အကူးအပြောင်းလေးမလုပ်ချင်ဘူးလား"

ရှန်ယန်းသာ သီချင်းဆိုမယ်ဆိုရင် သူမရဲ့အသံက အောင်မြင်ဖို့အတွက်သေချာနေတဲ့အသံမျိုးပဲ။ သူမသရုပ်ဆောင်လုပ်နေရင်းနဲ့ သီချင်းဆိုလို့ရနေတာပဲလေ။

"ကျွန်မက သရုပ်ဆောင်ရတာကိုကြိုက်တယ်"

"တကယ်လို့မင်းသာ ရှန်းလုရဲ့အဓိကဇာတ်ဆောင်နေရာကိုယူနိုင်မယ်ဆိုရင် ရှန်းလုရဲ့ဇာတ်ဝင်တေးကို မင်းအတွက် ငါသေချာပေါက်အရယူပေးမယ်"

"အိုခေ"

**

"သူ့ကိုအနုပညာလောကထဲက အခုပဲနှုတ်ထွက်ခိုင်းလိုက်တော့ အခုချက်ချင်းနှုတ်ထွက်ခိုင်းလိုက်! တကယ်လို့အခုသာနှုတ်မထွက်ဘူးဆိုရင် ငါတို့လီမိသားစုမှာ အဲလိုသမီးမျိုးမရှိတော့ဘူးလို့သတ်မှတ်လိုက်မယ် ! အဲဒီလောကထဲမှာနေရာလိုချင်လို့ဆိုပြီး ငါတို့မိသားစုရဲ့အဆက်အသွယ်ကိုလည်း ယူဖို့မတွေးနဲ့တော့! အစတုန်းက လီဆွေ့ယွီက မုရီအန်းနဲ့သူ့အစ်မကိုဘလိုင်းဒိတ်စီစဉ်ဖို့ကတိပေးခဲ့တာ ခုတော့သူကအရာအားလုံးကိုဖျက်စီးလိုက်ပြီ!"

လီမားမားက လီဟဲကိုအော်ဟစ်ပြောဆိုပြီးတာနဲ့ ဖုန်းချလိုက်တယ်။

လီဟဲက လီမိသားစုရဲ့အထောက်အပံ့ကိုရရှိဖို့ လီရှင်းကိုမျက်နှာချိုသွေးနေရတာလေ။ ဒါပေမယ့် အခုတော့ လီရှင်းရဲ့အမေဖြစ်သူက လီရှင်းကိုထပ်ပြီးမပံ့ပိုးတော့ဘူးလို့ဆိုလာတယ်။ သို့ပေမယ့် စကားလုံးတွေကတော့ ရှင်းလင်းဟန်မရှိသေးဘူး။

သူက လီမားမားရဲ့စကားတွေကိုပြန်ပြောပြလိုက်ပြီး:

"ငါတို့တွေခဏလောက်နားလိုက်ရင်ရော ဘယ်လိုလဲ အခွင့်အရေးရမှပြန်ဝင်လာကြတာပေါ့ .. အခုချိန်မှာ မင်းကိုဘယ်သူမှကူညီမယ့်သူမရှိရင် အနုပညာလောကထဲမှာဘယ်လို ရပ်တည်နိုင်တော့မှာလဲ"

" ဒါဆိုလည်း အမြင့်ကို ကိုယ့်အားကိုယ်ကိုးပြီး တွယ်တက်မှာ .. ဒါ့အပြင် မုရီအန်းက သူမနဲ့ဘလိုင်းဒိတ်လုပ်ရင်တောင် သူမကိုလက်ထပ်မှာသေချာလို့လား .. မုရီအန်းမှာရည်းစားဟောင်းရှိတာကို ဘယ်သူကမသိလို့လဲ အဲဒီရည်းစားဟောင်းကြောင့် မုရီအန်းကဘယ်သူ့ကိုမှမချစ်နိုင်သေးတဲ့ဟာကို!"

ပြန်လည်မွေးဖွားလာသော ဗီလိန်ရဲ့ရည်းစားဟောင်း (Myanmar translation)Donde viven las historias. Descúbrelo ahora