chapter (95)

1.8K 143 3
                                    

Unicode

လုယွင်ချန်း ဖုန်းကိုကိုင်ထားပြီး အချိန်အတော်ကြာပြီးမှ ပြန်ဖြေလာတယ်။

"ကိုယ် မင်းကို စောင့်နေမယ်"

လုယွင်ချန်းနဲ့တွဲလုပ်ရတာလည်းကောင်းပါတယ်လေ။

အနည်းဆုံး မုရီအန်းက လုယွင်ချန်းကို ကို ရွေ့လျားအောင် လုပ်နိုင်မှာမဟုတ်ဘူး။ ရှန်ယန်းအနေနဲ့လည်း အခြားသူတွေနဲ့ မပတ်သက်ချင်တော့ဘူး။ ယခင်ဘဝတုန်းက ဗီလိန်နဲ့ ဇာတ်လိုက်ရဲ့ဆက်ဆံရေးတွေကြားထဲမှာ လုယွင်ချန်းမှ မပါဝင်ခဲ့တာပဲ။

လုယွင်ချန်းက ရှန်ယန်းအဖြေပြန်မပေးခင်အထိ တိတ်တဆိတ်စောင့်ဆိုင်းနေခဲ့တယ်။

ရှန်ယန်း:"ကျွန်မသိပြီ"

ဖုန်းချလိုက်ပြီးနောက် ရှန်ယန်း ပိုက်ဆံရှာဖို့အတွက် ထပ်မံတွေးတောကြည့်ပြန်တယ်။ အခု သူမရဲ့လက်ထဲမှာ ပိုက်ဆံမရှိတော့ဘူး။ "ကလေးတွေကို  ထိန်းကျောင်းမယ်"ကို  သွားမယ်ဆိုရင်တောင် ပိုက်ဆံအများကြီးမရှိသေးဘူး။ အဆုံးမှာ ထိုပရိုဂရမာမှရလာမဲ့ ငွေကြေးကို တစ်ကြိမ်တည်းနဲ့အပြီးပေးလာမှာမဟုတ်သလို ကုမ္ပဏီကိုလည်းပြန်လည်ခွဲပေးရဦးမှာပဲ။

ရှန်ယန်း အခုအချိန်တွင် ချမ်းသာဖို့အလွယ်ဆုံးလမ်းက ထီထိုးတာပဲဆိုတာကိုသိပေမဲ့ သူမက ထီနံပါတ်တွေကိုလည်း မမှတ်မိပြန်ဘူး။

ရှန်ယန်း ပိုက်ဆံရှာဖို့ ထပ်တွေးနေချိန်မှာ မုမိသားစုအတွင်းမှာတော့ လီဆွေ့ယွီက ရှန်ယန်းကို အတော်လေးဆင်းရဲတယ်လို့ တွေးနေခဲ့တယ်။

“ရီအန်းက မနေ့ကထွက်သွားကတည်းက အခုအချိန်အထိ ပြန်မလာသေးသလို ကုမ္ပဏီကိုလည်း မရောက်လာဘူး..  မင်းက သူနဲ့စကားများခဲ့တယ်ဆိုရင်တောင် အခုချိန်မှာ သူတို့က စေ့စပ်ပြီးနေပြီလေ"

မုဟိန် ဆက်ပြောလိုက်တယ်။

"တကယ်လို့ မင်းကြောင့်သာမဟုတ်ခဲ့ရင် အခုချိန်မှာ သူတို့က အတူတူရှိနေလောက်ပြီ.. မင်း သဘောတူလိုက်သင့်တယ်"

လီဆွေ့ယွီက သူမရဲ့လက်ချောင်းထိပ်တွေကိုကြည့်ရင်း ပြောလာတယ်။

ပြန်လည်မွေးဖွားလာသော ဗီလိန်ရဲ့ရည်းစားဟောင်း (Myanmar translation)Where stories live. Discover now