Zawgyi**
ဆည်းအိပ်ရာမှ နိုးလာတော့ ညနေငါးနာရီတောင်ထိုးနေပြီ။ အကြာကြီးအိပ်လိုက်တာကြောင့် လူကနုံးသလိုမျိုးဖြစ်နေ၍ ရေချိုးဖို့ဆုံးဖြတ်လိုက်ပြီး ရေချိုးခန်းထဲဝင်လာခဲ့သည်။
ရေချိုးရင်းနှင့်စဉ်းစားမိတာက လွှမ်းအကြောင်းပင်။
ဘယ်လိုပဲဖြစ်ဖြစ်လွဲနေသည်ဟုထင်မိသည်။ လွန်ခဲ့တဲ့လေးနှစ်လောက်က သူ Italy မှာရှိသည့်အကြောင်းနှင့် ကိစ္စရှိလျှင်ဆက်သွယ်ဖို့ သူ့အိမ်လိပ်စာ၊အသစ်ဖွင့်ထားသည့် Email address တို့ကို စာတိုက်ကနေတစ်ဆင့် သေချာပေါက်ကို လွှမ်းထံစာပို့ခဲ့ပါ၏။ ဒီလေးနှစ်လုံးလုံး လွှမ်းထံမှ စာမရခဲ့၍ အရေးကြီးကိစ္စမရှိဘူးဟုထင်ခဲ့မိသည်။
သို့သော် သူအတွက်မှားခဲ့ခြင်းသာ။ လွှမ်းက ခြံထဲမှာပန်းပွင့်တာကအစ အရေးကြီးကိစ္စဟု ခေါင်းစဉ်တပ်ပြီး သူ့ထံစာပို့မည်မှာအသေချာပင်။ ကြည့်ရတာ ထိုစာကို လွှမ်းမရခဲ့ဖူးထင်ပါ၏။ ဒါဆိုစာကဘယ်ရောက်သွားတာလဲ။ transportation ကြောင့်လွဲချော်သွားတာမျိုးဖြစ်နိုင်ပါ၏။
သူကလည်းသူပါပဲ။ ဒီလောက်တိုးတက်နေသည့်ခေတ်ကြီးမှာ letter ပို့ဖို့ကိုသာရွေးချယ်ခဲ့ရသည်လို့။
အတွေးတွေကိုလက်စသတ်ပြီး ရေချိုးတာကို အပြီးသတ်လိုက်သည်။ ရေချိုးပြီးမှသတိရသည်က သူအင်္ကျီအပိုမယူခဲ့ပေ။ luggage က hotel မှာကျန်နေခဲ့သည်။
သူ့အဝတ်ဗီရိုကိုဖွင့်ကြည့်လိုက်တော့ အင်္ကျီတွေရှိနေသေးသည်။ အရပ်ရှည်လာတာကြောင့် အရင်တုန်းက jean ဘောင်းဘီတွေကို ဝတ်လို့မရတော့ပေမယ့် ခန္ဓာကိုယ်ကပြောင်းလဲသွားတာမျိုးမရှိတာကြောင့် အင်္ကျီတွေကတော့တော်နေသေး၏။ မနက်ကဝတ်လာသည့် jean အနက်ရောင်ကို oversize sweater မြင်းချေးရောင်လေးနှင့်တွဲဝတ်လိုက်ပါ၏။
ခေါင်းပါလျှော်လာတာကြောင့် ဆံပင်တွေကရေစိုနေသည်။ နဂိုကတည်းက တဘက်နှင့်သုတ်ရမှာပျင်းသည်မို့ ဆံပင်ကို မစိုမခြောက်အနေအထားနှင့်ပင်ထားလိုက်ပြီး အခန်းအပြင်ထွက်လာခဲ့သည်။
ရေသောက်ချင်တာကြောင့် kitchen ထဲသို့ ဦးတည်လာခဲ့ပါ၏။ kitchen ထဲ၌ ဖိုးကောက်နှင့် လွှမ်းက ညစာအတွက်ဟင်းချက်နေကြသည်။ သူဝင်လာတာမြင်တော့ ဖိုးကောက်ကလှမ်းပြီးနှုတ်ဆက်ပါ၏။
YOU ARE READING
Twilight ( Zaw+ Uni )
RomanceZawgyi## " ငါ့အချစ်ကို မျှော်လင့်နေရတာ မပင်ပန်းဘူးလား" " မပင်ပန်းစေချင်ရင်... ငါ့ကိုပြန်ချစ်လိုက်တော့လေ " Unicode## " ငါ့အချစ်ကို မျှော်လင့်နေရတာ မပင်ပန်းဘူးလား" " မပင်ပန်းစေချင်ရင်... ငါ့ကိုပြန်ချစ်လိုက်တော့လေ "