Zawgyi***
Hotel ၏ ကားပါကင်၌ ပြိုင်ကားအနက်လေးကို ကျွမ်းကျင်စွာရပ်လိုက်ရင်း ဆည်း သဘောကျစွာပြုံးလိုက်မိသည်။ ထို့နောက် ဖွင့်ထားသည့် ကားအမိုးကို ပိတ်လိုက်ရင်း ကားပေါ်မှ ဆင်းလာခဲ့သည်။
ကိုဘုန်းကျော်ခိုင်ပြန်လာပြီဖြစ်တာကြောင့် ဆည်း ဒီနေ့ ရိပ်သာကို သွားကြည့်ဖြစ်ခဲ့သည်။ ဆည်းစိတ်ကူးထဲကအတိုင်း တစ်ထပ်တည်းဖြစ်အောင် ဆောက်လုပ်ပေးထားသည်ကြောင့် လိုအပ်တာလည်း မရှိပေ။ လုပ်ငန်းခွင်၌ ဆည်းဘာမှ လုပ်စရာမရှိတော့တာကြောင့် ကိုဘုန်းကျော်ခိုင်နှင့် စကားစမြည်ပြောဆိုပြီး ရိပ်သာပတ်ဝန်းကျင်မှ ထွက်လာခဲ့သည်။
သို့ပေမယ့် အချိန်က စောသေးတာကြောင့် အိမ်ပြန်ချင်စိတ်ရှိမနေပေ။ ထို့ကြောင့် စိတ်ကူးရကာ လွှမ်းရှိသည့် hotel ဆီသို့လာခဲ့ခြင်းပင်။ အလုပ်ရှုပ်နေသည့် လွှမ်းတစ်ယောက် ဆည်းကိုမြင်လျှင် ပျော်သွားမှာသေချာသည်။ လွှမ်းရုံးခန်းထဲ၌ သူအလုပ်လုပ်နေသည်ကို ထိုင်ကြည့်ရင်း လွှမ်းနှင့်ကျမှပဲ အတူတူပြန်တော့မည်။
parking ဝင်းထဲမှ ထွက်လိုက်ကာ hotel ထဲသို့ဝင်လိုင်သည်။ လွှမ်းက hotel အပေါ်ဘက်၌ စားသောက်ဆိုင်နှင့် bar ကိုပါချဲ့ထွင်လိုက်တာကြောင့် လာရောက်လည်ပတ်သည့် ဧည့်သည်တွေက lobby ထဲ၌ပင် အများအပြား။
" ဟင်... "
ဟိုတယ် lobby ထဲ၌ ထင်မထားသည့် မြင်ကွင်းကို မြင်လိုက်ရတာကြောင့် ဆည်းတစ်ယောက် အနည်းငယ် အံ့သြသွားမိသည်။
လွှမ်းက မိန်းကလေးတစ်ယောက်နှင့် ပြုံးရယ်စကားပြောရင်း ဓာတ်လှေကားထဲမှ ထွက်လာလေ၏။ ထို့နောက် သူတို့နှစ်ယောက်က ဆင်ဝင်အောက်၌ ရပ်ထားသည့် ခဲရောင်ကားလေးထံသို့ လျှောက်လာကြသည်။ လွှမ်းက Lover seat ၏ တံခါးကို ထိုမိန်းကလေးဝင်ထိုင်ရန်အတွက် ဖွင့်ပေးလိုက်ပြီး သူကတော့ driver seat သို့သွားလိုက်ကာ ကားကို ဟိုတယ်ဝင်းထဲမှ မောင်းထွက်သွားတော့သည်။
ဆည်းက မလှမ်းမကမ်း၌ ရပ်နေတာကြောင့် လွှမ်းနှင့်အတူထွက်သွားသည့် မိန်းကလေး၏မျက်နှာကို သေချာမြင်လိုက်ရသည်။ ထိုမိန်းကလေးက ဆည်းနှင့် Mall ထဲမှာ ဝင်တိုက်မိသည့်သူပင်။ ကြည့်ရတာ လွှမ်း၏လုပ်ဖော်ကိုင်ဖက်တစ်ဦး ဖြစ်မယ်တူသည်။
KAMU SEDANG MEMBACA
Twilight ( Zaw+ Uni )
RomansaZawgyi## " ငါ့အချစ်ကို မျှော်လင့်နေရတာ မပင်ပန်းဘူးလား" " မပင်ပန်းစေချင်ရင်... ငါ့ကိုပြန်ချစ်လိုက်တော့လေ " Unicode## " ငါ့အချစ်ကို မျှော်လင့်နေရတာ မပင်ပန်းဘူးလား" " မပင်ပန်းစေချင်ရင်... ငါ့ကိုပြန်ချစ်လိုက်တော့လေ "