Chapter-15

249 18 2
                                    

Zawgyi**

" ဖိုးဖိုး... တစ်ယောက်တည်း ပျင်းနေပြီလား "

ခြံထဲရှိ နှင်းဆီပင်တို့အား ပေါင်းသင်ပေးနေသည့် ဦးစဝ်ခွန်းကို ကြည့်ရင်း ဆည်းစကားဆိုလိုက်ပါ၏။

ထို့နောက် ဆည်းတစ်ယောက် ငုတ်တုပ်ထိုင်ချလိုက်ရင်း ဦးစဝ်ခွန်းအား ကူညီလုပ်ကိုင်ပေးလိုက်သည်။

ပြင်ဦးလွင်ခြံကိုအလည်လာတိုင်း နှင်းဆီပင်တို့အားပေါင်းသင်ပေးတတ်သည်မှာ ဦးစဝ်ခွန်း၏ လုပ်နေကျအလုပ်ပင်။

" မပျင်းပါဘူးကွယ်... အိမ်ခဏပြန်လာတာလား "

" ဟုတ်တယ်... ကျွန်တော် ရေပြန်ချိုးတာ..."

" ဒါဆိုသွားချိုးတော့လေ... မြေးရဲ့ ညနေစောင်းသွားရင် အအေးပတ်လိမ့်မယ် "

" ရပါတယ် ဖိုးဖိုး... ကျွန်တော်ခဏကူပေးဦးမယ် "

ထို့နောက်မှာတော့ ဆည်းတို့နှစ်ယောက် ပေါင်းသင်ရင်း စကားပြောနေကြပါ၏။

" မြေးဖွားဖွားရဲ့ အကြိုက်ဆုံးပန်းကို သိလား "

" နှင်းဆီပန်းအဝါရောင်လေ... ဟုတ်တယ်မလား ဖိုးဖိုး"

" အင်း... ဒါဆို မြေးအဖွားက ဘာလို့ အဲ့ပန်းကို ကြိုက်တာလဲ သိလား "

" ဗျာ... ကြိုက်တဲ့အကြောင်းရင်း ရှိသေးတာလား "

ဦးစဝ်ခွန်းက ဆည်း၏ အမေးကို ပြုံးရင်းပြန်ဖြေပါ၏။

" အဝါရောင်နှင်းဆီပန်းတွေရဲ့ အဓိပ္ပာယ်က သဝန်တိုခြင်းတဲ့... မြေးရဲ့အဖွားက သူ့ရဲ့ သဝန်တိုမှုကို ဖော်ပြဖို့အတွက် အဝါရောင် နှင်းဆီတွေကို တစ်ခြံလုံးနီးပါး စိုက်ခဲ့တာလေ "

" သဝန်တိုတယ်... ဖွားဖွားက ဘယ်သူ့ကို သဝန်တိုတာလဲ "

ဆည်း၏ အမေးကြောင့် ဦးစဝ်ခွန်းက သူတို့သုံးယောက်၏ အချစ်ဇာတ်လမ်းကို ဆည်းအားပြောပြလာပါ၏။

ဦးစဝ်ခွန်း၏ ပြောပြချက်အရ ဆည်း၏အဖွား ဒေါ်ဥမ္မာတင်က အဖွားဒေါ်ထားထားရီအပေါ် သူငယ်ချင်းထက်ပိုသည့် ချစ်မေတ္တာမျိုးရှိခဲ့သည်ဟု ဆိုပါ၏။

ထို့ကြောင့်လည်း ဖွားဖွားက သူမ၏ ချစ်ရသူအပေါ်ရှိသည့် သဝန်တိုမှုကိုပြရန် နှင်းဆီဝါတို့ကိုစိုက်ပျိုးခဲ့ခြင်း။

Twilight ( Zaw+ Uni )Where stories live. Discover now