Chapter-45

128 6 1
                                    

Uni**

" တီ... "

Dash board ပေါ်တင်ထားသည့် လွှမ်း၏ဖုန်းထံမှ တီခနဲမြည်ကာ message ဝင်လာသည်မို့ လွှမ်းက ကားမောင်းနေရင်း ဆည်းထံလှမ်းကြည့်လိုက်၏။

" ငါကြည့်ပေးရမှာလား "

လက်ထပ်ခွင့်တောင်းပြီးသည်အထိ ရင်းနှီးသည့်ဆက်ဆံရေးတစ်ခုရှိနေသည်ဆိုပေမယ့်လည်း ဆည်းအနေနှင့် လွှမ်း၏ privacy ကိုစွက်ဖက်ပြီး လွှမ်း၏ phone call တို့နှင့် message တို့ကို လက်လွှတ်စပယ် ကိုင်ခြင်း၊ကြည့်ခြင်းတို့ မလုပ်ခဲ့ဖူးပေ။ အဓိကကတော့ လွှမ်းဆိုသည့်လူသားက ဆည်းအပေါ်ဘယ်အကြောင်းနှင့်မှ စိတ်မချမယုံကြည်ရလောက်မည့် အလုပ်မျိုးမလုပ်မှာမှန်း သိနေ၍ဖြစ်၏။

" အင်းလေ... ကိုယ်က ကားမောင်းနေတဲ့ဟာ ဆည်းကြည့်ပေးရမှာပေါ့ "

" okay.. "

ဖုန်းကို လှမ်းယူလိုက်ကာ message ကိုဖွင့်ကြည့်လိုက်သည့်အခါမှာတော့ ဆည်း၏ရွှင်လန်းနေသောစိတ်မှာ အနည်းငယ်ထိုင်းမှိုင်းသွားရ၏။

" ဘာတဲ့လဲ "

လွှမ်းက ကားကို လမ်းချိုးသို့ကွေ့လိုက်ရင်း ဆည်းကို မေးသည်။

" ဖိုးဖိုးဆီက... (XX ) hotel မှာရောက်နေပြီ သူ့ကိုချက်ချင်း လာတွေ့လှည့်ပါ.. အခန်းနံပါတ် (306 )တဲ့ "

ဆည်း၏စကားအဆုံး၌ လွှမ်းတစ်ယောက် ဂြိုလ်ဆိုးတစ်သောင်းဆိုက်ရောက်လာတော့မည့်ဟန် ခံစားလိုက်ရသည်။

ဒီလိုဖြေရှင်းရတော့မည့် အခြေအနေမျိုး အနှေးအမြန်ရောက်လာလိမ့်မည်မှန်း ကြိုတင်တွက်ဆထားပေမယ့် ခုကတော့ တော်တော်လေးမြန်လွန်းလှ၏။

ကျစ်.... ခုလေးတင်မှ ဆည်းနဲ့အဆင်ပြေသွားတာကို!!

" အဖိုးသိသွားပြီလို့ မင်းထင်လား "

ဆည်းက လွှမ်း၏မျက်နှာကို အကဲခတ်ကာ အသံတိုးတိုးဖြင့် မချင့်မရဲပြောလာခဲ့သည်။ တိုးလှစွာသော ထိုအသံထဲ၌ စိုးရိမ်စိတ်များပါဝင်နေမှန်း လွှမ်းခံစားမိပါ၏။

" စိတ်မပူပါနဲ့... ကိုယ်တို့ တူတူရင်ဆိုင်မယ်လို့ပြောထားပြီးပြီပဲ... "

Twilight ( Zaw+ Uni )Where stories live. Discover now