Zawgyi***
ဦးစောနောင်ပြန်သွားသည့်နောက်မှာ မလိုင်လုံးဘူးတို့ထည့်ထားသည့်အိတ်ကို ဆွဲလျက် ဆည်း မီးဖိုခန်းထဲသို့ဝင်ခဲ့ပါ၏။
မီးဖိုခန်းထဲ၌ ဖိုးကောက်က ပစ္စည်းတို့ကို သိမ်းဆည်းနေသည်။
" အစ်ကိုဆည်း... အဲ့အိတ်က "
ဖိုးကောက်က ဆည်းလက်ထဲ၌ ကိုင်ထားသည့်အိတ်ကိုကြည့်လျက် မေးခွန်းထုတ်လာလေ၏။
" အင်း... အသိတစ်ယောက် လက်ဆောင်ပေးသွားတာ"
ဆည်းက မလိုင်လုံးနှစ်ဘူးကို ထုတ်လိုက်ရင်း ကျန်သည့်ဘူးများကို ရေခဲသေတ္တာထဲထည့်လိုက်၏။
ထို့နောက် မလိုင်လုံးတစ်ဘူးကို ဖိုးကောက်အားကမ်းပေးလိုက်ရင်း...။
" ရော့... မင်းရောစားလေ "
ဖိုးကောက်က ခေါင်းညိတ်လျက် ဆည်းပေးသည့်ဘူးကိုလှမ်းယူသည်။ ဆည်းလည်း ပလတ်စတစ်ဘူးပိတ်ကို ဖွင့်လိုက်ကာ မလိုင်လုံးတစ်ဝက်နှင့် နွားနို့အနည်းငယ်ကို ဇွန်းနှင့် ခပ်စားလိုက်၏။ မလိုင်လုံး၏အရသာက လျှာဖျားထက်၌ ပျော်ဝင်သွားသည်။
မလိုင်လုံးစားနေရင်းဖြင့် ဦးစောနောင်ပြောသွားသည့် စကားတို့က ဆည်းအတွေးထဲဝင်ရောက်လာသည်။
လွှမ်းကို သူယုံပေမယ့်လည်း သူ့အပေါ်ပွင့်ပွင့်လင်းလင်း မပြောသည့်အတွက်တော့ အနည်းငယ်စိတ်ခုမိ၏။ တစ်ဆက်တည်းမှာပင် ယမင်းမေ အကြောင်းကို ဆည်းပိုပြီး သိချင်လာသည်။
ယမင်းမေနှင့် သူက လူချင်းတစ်ခါမှမတွေ့ဖူးပေ။ ယမင်းမေ၏ မိဘတွေက စီးပွားရေးလောကမှာ ဒိတ်ဒိတ်ကြဲတွေ။ သူတို့က လွှမ်းတို့မိသားစုနှင့်ရော အဖွားနှင့်ပါ ခင်သည်။ ထို့ကြောင့် တစ်ခါတစ်လေ အဖွားဆီသို့ စီးပွားရေးအရ လာရောက်လည်ပတ်တတ်၏။
လွှမ်းနှင့် ယမင်းမေက အရင်ကတည်းက ငယ်သူငယ်ချင်းတွေ။ လွှမ်း ပြင်ဦးလွင်၌ ကျောင်းလာတတ်တော့ ယမင်းမေနှင့် ကွဲသွားခဲ့သည်ဆိုပေမယ့် နောက်ပိုင်း လွှမ်း မန္တလေး၌ တက္ကသိုလ်တက်သည့်အခါ ယမင်းမေကပါ လွှမ်းနှင့်အတူလိုက်တက်ခဲ့သည်။
YOU ARE READING
Twilight ( Zaw+ Uni )
RomanceZawgyi## " ငါ့အချစ်ကို မျှော်လင့်နေရတာ မပင်ပန်းဘူးလား" " မပင်ပန်းစေချင်ရင်... ငါ့ကိုပြန်ချစ်လိုက်တော့လေ " Unicode## " ငါ့အချစ်ကို မျှော်လင့်နေရတာ မပင်ပန်းဘူးလား" " မပင်ပန်းစေချင်ရင်... ငါ့ကိုပြန်ချစ်လိုက်တော့လေ "