Chapter-46

106 5 2
                                    

HAPPY NEW YEAR TO YOU ALL...

Unicode***

လှိုင်နေခြည်က password အချို့ကိုနှိပ်လျက် တိုက်ခန်းတံခါးကိုဖွင့်ဝင်လိုက်သည့်အခါ ဆည်းနှင့်လွှမ်းတို့လည်းသူမနောက်မှလိုက်ဝင်ခဲ့ကြ၏။

" အစ်ကိုတို့ ထိုင်ကြပါဦး... နေခြည်အစ်ကိုတို့အတွက် တစ်ခုခုဧည့်ခံချင်လို့ပါ "

ဧည့်ခန်းထဲရှိ ဆိုဖာခုံတို့အား ညွှန်ပြရင်း လှိုင်နေခြည်က ထိုင်ရန်ပြောသည့်အခါ ဆည်းက ခေါင်းခါလိုက်ရင်း...။

" နေပါစေ... ညီမပြောမယ်ဆိုတာကိုပဲ ပြောပါ "

သူမကိုသာ ပြောစရာရှိတာပြောရန်အတွက် တိုက်တွန်းလိုက်၏။

လှိုင်နေခြည်က တစ်ချက်ပြုံးလိုက်ကာ...။

" ဟုတ်ကဲ့... ကောင်းပါပြီ... ဒါဆိုလည်း နေခြည့်နောက်ကိုလိုက်ခဲ့ပါ "

ထိုသို့ပြောရင်း ရှေ့မှထွက်သွားသည့်အခါ ဆည်းတို့လည်း သူမနောက်မှ လိုက်ခဲ့တော့သည်။

ဒီတိုက်ခန်းသို့ ဆည်းပထမတစ်ကြိမ်ရောက်တုန်းက ထမင်းစားခန်းနှင့် ဧည့်ခန်းအထိဘဲရောက်ခဲ့တာဖြစ်၏။

လှိုင်နေခြည်က လျှောက်လမ်းလေးအတိုင်း သူတို့အားခေါ်သွားကာ အခန်းတံခါးတစ်ခုရှေ့၌ ရပ်လိုက်ရင်း...။

" ဒီအိမ်မှာ အိပ်ခန်းသုံးခန်းရှိတယ် ကိုဆည်း.... ဒါက ဦးအခန်း၊ မျက်နှာချင်းဆိုင်အခန်းကတော့ နေခြည့်အခန်း၊ အရှေ့မှာတွေ့ခဲ့တဲ့ ဧည့်ခန်းဘေးက အခန်းကတော့ စန္ဒကူးအခန်းပါ "

ဟုဆိုလျက် အခန်းတံခါး၏လက်ကိုင်ဘုကိုလှည့်လျက် တံခါးဖွင့်လိုက်ကာ အခန်းထဲသို့ ဦးဆောင်ဝင်သွားလိုက်သည်။

လှိုင်နေခြည့်စကားကြောင့် လွှမ်းတစ်ယောက် မျက်မှောင်ကြုတ်သွားရသည်။ ဦးစောနောင်နှင့် လှိုင်နေခြည်တို့က တရားဝင်လက်ထပ်ထားသည့် အကြင်လင်မယားတွေဖြစ်လျက်နှင့် အခန်းခွဲအိပ်ကြသည်လား။ အတွေးနှင့်အတူဆည်းကို မေးရန်ပြင်လိုက်ပေမယ့် ဆည်းက ခြေလှမ်းကျဲတို့ဖြင့် အခန်းထဲသို့ ဝင်သွားသည်ကြောင့် လွှမ်းလည်းနောက်မှလိုက်ရတော့သည်။

Twilight ( Zaw+ Uni )Место, где живут истории. Откройте их для себя