Zawgyi**
" ကဲ... ဘယ်လိုလဲ စာတွေရနေကြပြီလား "
" ဟုတ်... ရနေပါပြီ "
ဆည်း၏အမေးကို ဟိန်းဇေက တက်တက်ကြွကြွဖြင့်ပြန်ဖြေ၏။ ကျန်သည့်သူများကလည်း ခေါင်းညိတ်လျက် ယုံကြည်မှုရှိသည့်ပုံဖြင့် ထောက်ခံကြသည်။
သို့ပေမယ့် လေပြေကျော်ကတော့..။
" လေပြေက စာတော့ရပါတယ် ဒါပေမယ့် စိတ်လှုပ်ရှားလွန်းလို့ စာတွေမေ့ကုန်ပြီ အဲ့တာဘယ်လိုလုပ်ရမလဲ အစ်ကိုဆည်း "
ဟူ၍မျက်နှာငယ်လေးဖြင့် ရှုံ့မဲ့ကာ ပြောလာ၏။
" ဘာလို့စိတ်လှုပ်ရှားတာလဲ.. ဒါက သာမန်စာမေးပွဲလေးပဲကို... "
" စာမေးပွဲကျမှာ စိုးရိမ်လို့ပေါ့ အစ်ကိုရဲ့ "
" မင်းကောင်းကောင်း လုပ်ထားတယ်ဆိုမကျပါဘူးကွာ.. ခေါင်းအေးအေးထားပြီး သေချာစဉ်းစား ဟုတ်ပြီလား "
" ဟုတ် "
ဆည်း၏ စကားကြောင့် လေပြေကျော်က စိတ်သက်သာရာရသွားပုံဖြင့် သက်ပြင်းချသည်။
" ဒါနဲ့ အစ်ကိုဆည်း အစ်ကို့တုန်းကရော စာမေးပွဲဖြေရင် စိတ်လှုပ်ရှားလားဟင် "
ဝဏ္ဏအောင်ဆိုသည့် ကောင်လေးက မေးလိုက်ခြင်းပင်။ ကျန်သည့်သူများကလည်း ဆည်း၏အဖြေကို သိချင်သည့် မျက်ဝန်းများဖြင့် နားစွင့်နေကြ၏။
" စိတ်မလှုပ်ရှားပါဘူး... အစ်ကို တက္ကသိုလ်တက်တုန်းကဆို တစ်တန်းကို နှစ်နှစ်တောင် တက်ခဲ့တာ "
" ဝါး...တကယ်ကြီးလား "
ဟိန်းဇေက မျက်လုံးပြူးလျက် အံ့သြသည့်ပုံစံဖြင့်မေးလာ၏။ ဆည်းက ဒါပေါ့ဆိုသည့်ပုံဖြင့် လက်ပိုက်လျက် ခေါင်းညိတ်သည်။
ဆည်း၏ဂုဏ်ယူနေသည့် ပုံစံကြောင့် ဖိုးကောက်တစ်ယောက် ဆည်းအနားသို့ တိုးကပ်လိုက်ရင်း ခပ်တိုးတိုးပြောလိုက်သည်။
" အစ်ကိုဆည်း... အဲ့တာက ဂုဏ်ယူရမယ့် ကိစ္စမဟုတ်ဘူး ထင်တာပဲ "
အသံက တိုးသည်ဆိုပေမယ့် သူတို့အားလုံးက ဝိုင်းစုလျက် မတ်တပ်ရပ်နေကြတာကြောင့် ကျန်သည့်သူအားလုံးလည်း ထိုစကားကိုကြားတော့ ခွိခနဲ ရယ်လိုက်ကြ၏။
YOU ARE READING
Twilight ( Zaw+ Uni )
RomanceZawgyi## " ငါ့အချစ်ကို မျှော်လင့်နေရတာ မပင်ပန်းဘူးလား" " မပင်ပန်းစေချင်ရင်... ငါ့ကိုပြန်ချစ်လိုက်တော့လေ " Unicode## " ငါ့အချစ်ကို မျှော်လင့်နေရတာ မပင်ပန်းဘူးလား" " မပင်ပန်းစေချင်ရင်... ငါ့ကိုပြန်ချစ်လိုက်တော့လေ "