Zawgyi**
" ဆည်း... ဒီကို ဘာလာလုပ်တာလဲ "
airport parking ၌ ကားရပ်လိုက်တော့ ဆည်းအား မေးခွန်း ထုတ်လာသည့်လွှမ်း။
" စောင့်နေ... ငါပြန်လာခဲ့မယ် "
လွှမ်း၏ အမေးကို ဆည်းကပြန်မဖြေဘဲ ကားသော့ကို ပစ်ပေးလိုက်ကာ လေဆိပ်ထဲဝင်သွားပါ၏။
ကားသော့ကို လှမ်းဖမ်းလိုက်ရင်း အတွေးများစွာဖြင့် လွှမ်းတစ်ယောက်တည်း ကျန်နေခဲ့ပါ၏။
မဟုတ်မှ... အီတလီကို ပြန်ဖို့ လတ်မှတ်လာဝယ်တာများလား။
မဖြစ်နိုင်ပေ။
အဖွားဆန္ဒတွေက ဘာတစ်ခုမှ ပြီးသေးတာမဟုတ်။ ခုမှ အစပျိုးတုန်းပဲ ရှိသေးသည်မလား။
ဒါဆို.. ဘာဖြစ်နိုင်မလဲ။
လူလာကြိုတာ။ ဒါမှမဟုတ်... ပစ္စည်းလာယူတာ ဖြစ်နိုင်သည်။ ခုက Christmas ရောက်တော့မည်ဆိုတော့ Christmas လက်ဆောင်ပဲ ဖြစ်လောက်ပေမည်။
ပစ္စည်းပို့မည်ဆိုလျှင်တော့ အီတလီကပဲဖြစ်နိုင်သည်မို့.. ဟို အီတလီကောင်ထံမှပဲ ဖြစ်ရပေမည်။
တကယ်ပါပဲ... ဆည်းက ဘယ်လိုဖြစ်ပြီး သူ့လို အချိုးမပြေတဲ့ လူမျိုးနှင့် မိတ်ဆွေဖြစ်လာမှန်းမသိပေ။
Lorenzo ဆိုသည့်သူကို လွှမ်းတကယ်ကြည့်၍မရပေ။ လွှမ်းနှင့် အဆင်မပြေဖြစ်သည့်သူ ဆိုတာ တကယ်ရှား၏။ သို့သော် ထိုအီတလီကောင်ကတော့ ချွင်းချက်ပင်။
မျက်မှောင်ကြုတ်ကာ တွေးတောနေရာမှ နှစ်ပေပတ်လည်ခန့်ရှိမည့် စက္ကူဘူးနှစ်ဘူးကို သယ်လာသည့် ဆည်းအားတွေ့လိုက်ရသောကြောင့် လွှမ်းကပျာကယာပင် ပြေးသွားလိုက်ကာ တစ်ဘူးကူသယ်ပေးလိုက်သည်။
" ပစ္စည်းသယ်မှာများ ငါ့ကို အကူခေါ်တာမဟုတ်ဘူး "
လွှမ်းက စက္ကူဘူးကို ကားနောက်ခုံပေါ် တင်ရင်းပြောလိုက်သည်။
" ပေါ့ပေါ့လေးတွေမို့... မခေါ်တော့တာ "
" ဒါပေမယ့်.... ဘူးကကြီးတော့ သယ်ရတာမြင်ကွင်းပိတ်တာပေါ့... ဒါနဲ့ ဘူးထဲက ဘာတွေလဲ.. Christmas လက်ဆောင်လား "
" အင်း... အီတလီမှာကျန်ခဲ့တဲ့ ငါရဲ့ပစ္စည်းတွေနဲ့ မိတ်ဆွေတွေကပို့လိုက်တဲ့ လက်ဆောင်တွေ "
YOU ARE READING
Twilight ( Zaw+ Uni )
RomanceZawgyi## " ငါ့အချစ်ကို မျှော်လင့်နေရတာ မပင်ပန်းဘူးလား" " မပင်ပန်းစေချင်ရင်... ငါ့ကိုပြန်ချစ်လိုက်တော့လေ " Unicode## " ငါ့အချစ်ကို မျှော်လင့်နေရတာ မပင်ပန်းဘူးလား" " မပင်ပန်းစေချင်ရင်... ငါ့ကိုပြန်ချစ်လိုက်တော့လေ "