Zawgyi***
" ဟိုအခန်းက ဦးစောနောင်ရဲ့ အခန်းပဲ... ကိုယ်လိုက်ဖို့မလိုတာ သေချာတယ်နော် "
အခန်းတံခါးကို ညွှန်ပြရင်း လွှမ်းမေးလိုက်သည့်အခါ ဆည်းက ခေါင်းညိတ်ပြလာရင်း...။
" အင်း... မင်းဒီထောင့် အကွယ်မှာပဲနေခဲ့... "
" ကိုယ်လိုက်လို့မရရင်... ဖိုးကောက်ကိုရော ခေါ်သွားလို့မရဘူးလား "
" ငါတစ်ယောက်ပဲလုပ်လို့ရမှာ.... မင်းတို့က ဒီမှာပဲ စောင့်နေပေး "
" ဟုတ်ပါပြီ... အသံဖမ်းစက်ကို ဖွင့်ထားနော်... အဲ့တာမှ ကိုယ်တို့က ဒီကနေနားထောင်လို့ရမှာ "
" အင်း... ဒါဆို ငါသွားပြီ.. အဲ့အိတ်ပေး "
လွှမ်းလက်ထဲ၌ ကိုင်ထားသည့် အရက်ပုလင်းတို့ထည့်ထားသည့်အိတ်ကို ပြောင်းယူလိုက်ရင်း ဆည်းတစ်ယောက် ဦးစောနောင်၏အခန်းရှေ့သို့ လျှောက်လာခဲ့သည်။
အခန်းရှေ့သို့ရောက်သောအခါ ဘဲလ်တီးလိုက်လေ၏။
ပွင့်သွားသည့် တံခါးနောက်မှ ခပ်ငယ်ငယ်မိန်းကလေးတစ်ယောက်ထွက်ပေါ်လာသည်မို့ ထိုမိန်းကလေးက ဦးစောနောင်၏ဒုတိယမြောက်ဇနီးမှန်း ဆည်းခန့်မှန်းမိလိုက်၏။
" အိမ်ထဲဝင်ပါရှင့်... "
ဆည်းကို ဘယ်သူဘယ်ဝါမှန်းမမေးဘဲ အိမ်ထဲဝင်ရန်ပြောလာသောကြောင့် ဆည်းနည်းနည်းတော့ အံ့သြသွားပေမယ့် ဧည့်ခန်းထဲ၌ ထိုင်နေသည့် ဦးစောနောင်ကို တွေ့လိုက်ရသည်ကြောင့် နားလည်သွားတော့သည်။
" ဘယ်ကနေ လမ်းမှားပြီး ရောက်လာတာလဲ "
ဆည်းကို မြင်သည့်အခါ ဦးစောနောင်က ထိုင်ရာမှ ထလာရင်း သူ့မူပိုင်လှောင်ပြုံးတစ်ခုနှင့်နှုတ်ဆက်လာလေ၏။ ထို့နောက် ဆည်းရှေ့၌ ခြေစုံရပ်လိုက်သည့်အခါ ဆည်းက လက်ထဲကိုင်လာသည့် အရက်ပုလင်းအိတ်ကို အနည်းငယ်မြှောက်ပြလိုက်ရင်း ပုခုံးတွန့်လျက် ပြောလိုက်၏။
" ခင်ဗျားအိမ်မှာ လာသောက်တာလေ "
ဦးစောနောင်က ဘာမှမပြောဘဲ ရှေ့မှ လျှောက်သွားရင်း ထမင်းစားခန်းဘက်သို့ ချိုးကွေ့လိုက်သည်ကြောင့် ဆည်းလည်းတစ်ချက်ပြုံးလိုက်ရင်း နောက်မှလိုက်လာခဲ့သည်။ ဦးစောနောင်၏ဇနီးငယ်လေးကတော့ ဆည်း၏ရှေ့မှ ရိုရိုကျိုးကျိုးဖြတ်လျှောက်သွားရင်း အခန်းတစ်ခုထဲသို့ ဝင်သွားလေ၏။ ကြည့်ရသည်မှာ အိပ်ခန်းဖြစ်ဟန်တူသည်။
YOU ARE READING
Twilight ( Zaw+ Uni )
RomanceZawgyi## " ငါ့အချစ်ကို မျှော်လင့်နေရတာ မပင်ပန်းဘူးလား" " မပင်ပန်းစေချင်ရင်... ငါ့ကိုပြန်ချစ်လိုက်တော့လေ " Unicode## " ငါ့အချစ်ကို မျှော်လင့်နေရတာ မပင်ပန်းဘူးလား" " မပင်ပန်းစေချင်ရင်... ငါ့ကိုပြန်ချစ်လိုက်တော့လေ "