Chapter-44

243 9 0
                                    

Unicode**

မျက်နှာမှ ရေစက်တို့ကို လက်ဖြင့်ဖိသုတ်လိုက်ရင်း မှန်ထဲ၌ပေါ်နေသည့် ကိုယ့်ပုံရိပ်ကိုပြန်ကြည့်လိုက်မိသည့်အခါ နှုတ်ခမ်းကိုဖိကိုက်မိရင်း ရေချိုးခန်းနံရံကို လက်ဝါးဖြင့် တစ်ချက်ရိုက်လိုက်မိသည်။

ထို့နောက်မှ စိတ်မသက်သာစွာဖြင့် သက်ပြင်းတစ်ခုကို ခပ်ပြင်းပြင်းချလိုက်မိ၏။

ပထမဆုံးအကြိမ်အဖြစ် ဆည်းက သူ့အနမ်းကို ငြင်းဆန်ခဲ့သည်တဲ့လေ...။

မနေ့ညက မိုးရေထဲ၌ ဆည်းပြောခဲ့သည့် " ဒီအခြေအနေထိရောက်နေတာတောင် ငါတို့နှစ်ယောက်က ဖြစ်နိုင်ဦးမယ်လို့ မင်းထင်နေတာလား " ဆိုသည့်စကားသံကသာ လွှမ်းနားထဲ၌ ထပ်ကာထပ်ကာ ပဲ့တင်ထပ်လျက်ရှိနေသည်။

ယမင်းမေကိစ္စမှာပဲဖြစ်ဖြစ် ဦးစောနောင်ကိစ္စ၌ပဲဖြစ်ဖြစ် လွှမ်း၏လက်တုံ့ပြန်လိုစိတ်ကြီးမားမှုတွေက အကြိမ်တိုင်းလိုလိုပင် ဆည်းအား ထိခိုက်စေခဲ့တာပင်။

အခုဆို သူက ဆည်း၏အဖေအရင်းကို ထောင်ချမိတော့မည့်အထိတောင်ရောက်သွားခဲ့သည်မလား။

အကယ်၍ ဦးစောနောင်သာ ထောင်ကျသွားမည်ဆိုပါက ဆည်းနှင့်သူ့ကြား၌ ရှေ့ဆက်၍မရတော့မည့် တံတိုင်းတစ်ခုကြားခံသွားတော့မည်မှာ မလွဲမသွေပင်။

သူတို့နှစ်ယောက်က ရှေ့ဆက်ပြီးဖြစ်နိုင်တော့မည်မဟုတ်။

ယခုတောင် ဆည်းက သူ့အနမ်းတွေကို စပြီးငြင်းဆန်လာပြီမဟုတ်ပါလား... တစ်ချိန်ချိန်မှာသာ ဆည်းက သူ့ကို လမ်းခွဲစကားပြောလာခဲ့လျှင်....။

ဟင့်အင်း... သူဆက်ပြီးမတွေးချင်တော့။

သူနှင့်ဆည်းအကြား အရင်လိုပြန်ပြီးအဆင်ပြေနိုင်ဖို့က ဦးစောနောင်ကို ထောင်မကျအောင် လုပ်ပေးနိုင်မှသာ ဖြစ်ပေမည်။

မျက်နှာသစ်ခြင်းကို လက်စသတ်လိုက်ပြီး အဝတ်သစ်တစ်စုံကို လဲလှယ်လိုက်ကာ ရေချိုးခန်းထဲမှထွက်လာခဲ့တော့သည်။

ဆည်းကတော့ ကုတင်ပေါ်၌ အိပ်မောကျနေတုန်းပင်။

ကုတင်ဘေးသို့ လျှောက်သွားလိုက်ကာ ဆည်း၏နှုတ်ခမ်းပါးတစ်စုံအား ခပ်ဖွဖွနမ်းထိလိုက်ရင်း တီးတိုးစကားဆိုမိ၏။

Twilight ( Zaw+ Uni )Where stories live. Discover now