Zawgyi**
" ဒီေ-ာက်ရေးမပါတဲ့ ပန်းချီတွေဆွဲနေပြန်ပြီလား "
အပြစ်တင်သံနှင့်အတူ ထိုလူက ဆည်း၏ ပန်းချီကားလေးကို ရေကူးကန်ထဲသို့တွန်းချလိုက်ပါ၏။
ရေကူးကန်ထဲ၌ ဆေးများပျံ့လွင့်ကုန်သည့် ပန်းချီကားလေးကို ကြည့်ရင်း တွန်းချလိုက်သည့်သူအား စုတ်တံဆေးသည့်ရေဖြင့်ပတ်လိုက်သည်။
" ဦးစောနောင်... ခင်ဗျား ကျုပ်ပစ္စည်းကို ဖျက်စီးပြန်ပြီ"
ဆည်းပတ်လိုက်သည့်ရေကြောင့် ဦးစောနောင်၏ သိန်းကျော်တန် shirt ၌ အရောင်တို့စွန်းထင်းကုန်ပါ၏။ စွန်းပေသွားသော shirt ကိုကြည့်ရင်း ဦးစောနောင်က ဆည်းအား လက်သီးနှင့်ရွယ်လာပါ၏။
" ကျစ်.... ခွေးမသား... မင်း ငါလုပ်လိုက်ရသေတော့မယ် "
" လုပ်ကြည့်လေ... ခင်ဗျားလုပ်တာကို ကျုပ်က ငြိမ်ခံနေမယ် ထင်လား "
ဆည်းက ကျောက်စားပွဲပေါ်၌ တင်ထားသည့် ဝိုင်ပုလင်းကို စားပွဲစောင်းနှင့်ရိုက်ချလိုက်ရင်းမေးလိုက်ပါ၏။
" မင်း "
ဆည်းလက်ထဲ၌ ကိုင်ထားသည့်ပုလင်းကွဲကိုကြည့်ရင်း ဦးစောနောင်က ရွယ်ထားသည့်လက်ကိုပြန်ချလိုက်ရင်း လေသံကို လျှော့လိုက်သည်။
" ဆည်းလေး... ဒယ်ဒီပြောတာကို နားထောင်ပါ... ဒီပန်းချီတွေဆွဲနေမယ့်အစား စီးပွားရေးနဲ့ပတ်သတ်တာတွေ ဖတ်ကြည့်နေပါ့လားကွာ... ဒါမှ မင်းဘွဲ့ရတဲ့အခါကျ မင်းအဖွားရဲ့ Golden Rose ကိုဦးဆောင်နိုင်မှာပေါ့..."
" ဒီမှာ ဦးစောနောင်... ကျုပ်ဒီေ-ာက်စီးပွားရေးကို ဝါသနာမပါဘူးလို့ ဘယ်နှစ်ခါပြောရမလဲ... ခင်ဗျားရဲ့ေ-ာက်ဦးနှောက်ကော ကောင်းသေးရဲ့လား.. ကျုပ်အဖွားကို ချစ်တာ အဖွားရဲ့ မေတ္တာကို လိုချင်ရုံပဲ.. ဘာေ-ာက်အမွေမှ မက်မနေဘူး "
" နေဝင်ဆည်းဆာ... ငါအလျှော့ပေးနေတိုင်း မင်းရောင့်တက်မလာနဲ့... စီးပွားရေးကို ဝါသနာမပါဘူး ဟုတ်လား... စီးပွားရေးမလုပ်ရင်.. မင်းဘာနဲ့ ထမင်းသွားစားမလဲ... ငါပြောနေတာ မင်းအတွက်ပဲ... မင်းချမ်းသာမှ လူရာဝင်မှာ... မင်းသာပိုက်ဆံမရှိရင် မင်းကို ချစ်ပါတယ်လို့ တဖွဖွပြောနေတဲ့ မင်းချစ်သူကလည်း မင်းကိုပစ်ပြီး ချမ်းသာတဲ့ယောက်ျားနောက်ကို ကောက်ကောက်ပါအောင်လိုက်သွားမှကွ..."
YOU ARE READING
Twilight ( Zaw+ Uni )
RomanceZawgyi## " ငါ့အချစ်ကို မျှော်လင့်နေရတာ မပင်ပန်းဘူးလား" " မပင်ပန်းစေချင်ရင်... ငါ့ကိုပြန်ချစ်လိုက်တော့လေ " Unicode## " ငါ့အချစ်ကို မျှော်လင့်နေရတာ မပင်ပန်းဘူးလား" " မပင်ပန်းစေချင်ရင်... ငါ့ကိုပြန်ချစ်လိုက်တော့လေ "