Zawgyi**
" အား.. ကျွတ်... ကျွတ် "
လွှမ်းအိပ်ယာမှ နိုးလာတော့ ခေါင်းတစ်ခုလုံး ကိုက်ခဲနေပြီး ညာဘက်ကျောပြင်ကလည်းနာကျင်နေပါ၏။ ဘာဖြစ်ခဲ့လဲဆိုတာ အသည်းအသန်စဉ်းစားတော့ မှတ်မိသည်က ဘီယာသောက်သည့်အထိသာ။
ဖုန်းမှ နာရီကို ယူကြည့်လိုက်တော့ မနက် ခုနစ်နာရီထိုးနေလေပြီ။ ကြည့်ရသည်မှာ ဘီယာသောက်ပြီး ချက်ချင်းမှောက်သွားသည်ထင်ပါ၏။
အလုပ်ကိစ္စသွားစရာရှိသေးတာကြောင့် ရေချိုးရန်အတွက် ရေချိုးခန်းထဲဝင်လာခဲ့သည်။ လက်နာနေတာကြောင့် ဝတ်ထားသည့် အဝတ်ကို ချွတ်ရန်ပင် အတော် အားထုတ်လိုက်ရပါ၏။ shirt ကိုချွတ်ပြီး မှန်ကြည့်လိုက်ကာမှ ဖြူဖွေးနေသော ကျောပြင်ညာဘက်၌ ညိုမည်းရာက အထင်းသား။
ကုတင်စောင်း ဒါမှမဟုတ် ခုံစောင်းနှင့်တိုက်မိသည်ထင်ပါ၏။ သို့သော်ထိုသို့ဖြစ်ဖို့ဆိုလျှင် သူ့အားတွန်းပစ်မှရပေလိမ့်မည်။
ပေါက်ကရတွေမဖြစ်ဖို့ ဆုတောင်းရင်းဖြင့် ရေချိုးရန်ပြင်လိုက်ပါ၏။
ရေချိုးရင်းနှင့် အိမ်မက်အကြောင်းစဉ်းစားမိတော့ သူပြုံးမိပြန်သည်။ အိမ်မက်ထဲ၌ သူက ဆည်းအားနမ်းနေသည်တဲ့။ အိမ်မက်ထဲ၌တောင်မှ ဆည်း၏ နှုတ်ခမ်းပါးလေး၏ ချိုမြိန်မှုကို ခံစားရသည်။ တကယ်သာဆိုလျှင် သူရူးသွားမည်ထင်ပါ၏။
ရေချိုးပြီးတော့ အဝတ်အစားလဲလိုက်ကာ မီးဖိုခန်းထဲထွက်လာခဲ့သည်။ ဒီအချိန်ဆို ဆည်းရော၊ ဖိုးကောက်ရော မနက်စာစားနေလောက်ပြီ။ မနက်စာတူတူစားရင်းနှင့်မှ မနေ့က ဘာဖြစ်ခဲ့လဲ ဆိုတာမေးရမည်။
" ဪ... သားနိုးလာပြီလား... ကြီးနန်းက အိပ်ဦးမယ်မှတ်နေတာ... ညက တအားမူးနေလို့လေ "
မီးဖိုထဲ ဝင်လိုက်တော့ ကြီးနန်းက သူ့အား ဦးစွာ နှုတ်ဆက်ပါ၏။ ထို့နောက် သူ့အတွက် ရှမ်းခေါက်ဆွဲပြင်ပေးလေသည်။ ဆည်းနှင့် ဖိုးကောက်ကတော့ စားနှင့်နေကြပြီ။
" ဟုတ်လား ကြီးနန်း... ကျွန်တော်တော့ ဘာမှမမှတ်မိဘူးရယ် "
သူလည်း ဆည်းနှင့်မျက်နှာချင်းဆိုင်၌ ဝင်ထိုင်လိုက်ရင်း ကြီးနန်းအားပြောလိုက်သည်။
YOU ARE READING
Twilight ( Zaw+ Uni )
RomanceZawgyi## " ငါ့အချစ်ကို မျှော်လင့်နေရတာ မပင်ပန်းဘူးလား" " မပင်ပန်းစေချင်ရင်... ငါ့ကိုပြန်ချစ်လိုက်တော့လေ " Unicode## " ငါ့အချစ်ကို မျှော်လင့်နေရတာ မပင်ပန်းဘူးလား" " မပင်ပန်းစေချင်ရင်... ငါ့ကိုပြန်ချစ်လိုက်တော့လေ "