Zawgyi**
မနက်စာ အများကြီးစားမိတာကြောင့် မအီမလည်ဖြစ်နေ၍ ဖိုးကောက်တစ်ယောက် ခြံအပြင်သို့ လမ်းထွက်လျှောက်ရန်ထွက်လာခဲ့သည်။
ခြံတံခါးကို ဖွင့်ရန်ပြင်နေစဉ်မှာပဲ ခြံရှေ့၌ အနက်ရောင်ကားကြီးတစ်စင်းက ရပ်သွားလေ၏။
ထို့နောက် မောင်းသူထိုင်ခုံမှလူတစ်ယောက်ထွက်လာပါ၏။ ပုံစံအရတော့ နိုင်ငံခြားသားတစ်ယောက်ဖြစ်ပုံရပြီး အရပ်ကဖိုးကောက်ထက် ခေါင်းတစ်လုံးစာမကပိုမြင့်သည်။
ထိုနိုင်ငံခြားသားက ဖိုးကောက်တို့ခြံတံခါးရှေ့၌ ရပ်လိုက်ပြီး ဖိုးကောက်အား တည့်တည့်ကြည့်ကာ အင်္ဂလိပ်ဘာသာစကားဖြင့် ' ဒါက Daniel အိမ်လား ' ဟုမေးလာပါ၏။
ဖိုးကောက်လည်း Daniel ဆိုသူကအိမ်မှာမရှိ၍ 'No' ဟုသာ ဖြေလိုက်မိသည်။ ဖိုးကောက်ထင်လိုက်မိသည်က အိမ်မှားလာသည်ဟူ၍။
ဖိုးကောက်အဖြေကြောင့် ထိုလူ၏မျက်ခုံးတို့တွန့်ချိုးသွားကာ ကားထံသို့ပြန်သွားလိုက်ရင်း နောက်ခန်း၏ကားမှန်ကို ခေါက်လိုက်၏။
သူတို့နှစ်ယောက်စက္ကန့်အနည်းငယ်ခန့် တီးတိုးပြောနေကြပြီးနောက် နောက်ခန်းတံခါးပွင့်ဟသွားကာ ထိုထဲမှ နောက်တစ်ယောက်ထပ်ထွက်လာ၏။
အရပ်ရှည်ရှည် ဆံပင်ရွှေရောင်တို့နှင့် ထိုသူက ဖိုးကောက်ဆီသို့ တန်းတန်းမတ်မတ်လျှောက်လာရင်း နွေးထွေးစွာ ပြုံးပြလျက် စကားဆိုလာပါ၏။
" နေဝင်ဆည်းဆာ...ရှိတယ်မလား... ကိုယ်ကသူရဲ့ မိတ်ဆွေပါ "
ထိုသူ့ဆီမှထွက်လာသည့် ပီသသည့် မြန်မာစကားသံကြောင့် ဖိုးကောက်အနည်းငယ်အံ့သြသွားပြီးမှ ခဏဟုပြောလိုက်ပြီး အိမ်ထဲပြေးဝင်လာခဲ့သည်။
အစ်ကိုဆည်းရော အစ်ကိုလွှမ်းရောက ဧည့်ခန်းထဲ၌ ထိုင်နေကြပါ၏။
" အစ်ကိုဆည်း... ဧည့်သည်လာနေတယ် "
ဖိုးကောက်ထံမှ ဧည့်သည်ဆိုသောစကားကြောင့် ဆည်းလက်ထဲမှ သတင်းစာကိုချလိုက်ကာ ဖိုးကောက်အားကြည့်ရင်း မေးလိုက်သည်။
" ဧည့်သည်... ဘယ်သူလဲ "
ဆည်း၏ အမေးကို ဖိုးကောက်က ခေါင်းခါပြလိုက်ရင်း...။
YOU ARE READING
Twilight ( Zaw+ Uni )
RomanceZawgyi## " ငါ့အချစ်ကို မျှော်လင့်နေရတာ မပင်ပန်းဘူးလား" " မပင်ပန်းစေချင်ရင်... ငါ့ကိုပြန်ချစ်လိုက်တော့လေ " Unicode## " ငါ့အချစ်ကို မျှော်လင့်နေရတာ မပင်ပန်းဘူးလား" " မပင်ပန်းစေချင်ရင်... ငါ့ကိုပြန်ချစ်လိုက်တော့လေ "