Zawgyi**
စားပွဲပေါ်မှ အဖြူရောင်အနောက်တိုင်းဝတ်စုံနှင့် မင်္ဂလာမောင်နှံနှစ်ဦး၏ ဓာတ်ပုံလေးကို သူမအမြတ်တနိုးဖြင့် တယုတယလှမ်းယူလိုက်မိသည်။ ဂါဝန်အဖြူရောင်နှင့် သတို့သမီးက ဝမ်းသာကြည်နူးသည့်မျက်နှာအမူအယာဖြင့် နှစ်နှစ်ခြိုက်ခြိုက်ပြုံးနေပေမယ့်လည်း သတို့သားဖြစ်သူ၏ ယောက်ျားဆန်ဆန်ချောမောသည့် မျက်နှာထက်တွင်တော့ အပြုံးရိပ်တစ်စိုးတစ်စတောင် ရှိမနေခဲ့။
ထို့နောက်မှာတော့ သူမ၏ဖော့ဖယောင်းသဖွယ်လက်ချောင်းလေးတွေက စားပွဲအံဆွဲကို ဆွဲဖွင့်လိုက်ကာ ထိုထဲမှ ရွှေရောင်ဖိတ်စာလေးကို လှမ်းယူလိုက်ကာ စဝ်လွှမ်းရဝေဟူသော ငွေရောင်ဖောင်းကြွစာလုံးလေးအား လက်ဖြင့်တို့ထိလိုက်သည်။
ဒီအမျိုးသားကြောင့်ပဲ သူမဘဝမှာ အမဲစက်တစ်ခုစွန်းထင်းခဲ့ရတာ။
ဒီအမျိုးသားကြောင့်ပဲ သူမ ဆွေမျိုးအသိုင်းအဝိုင်းအလယ်မှာ ဂုဏ်မဖော်နိုင်အောင်ဖြစ်ခဲ့ရတာ။
သတို့သားရောက်မလာခဲ့တဲ့ မင်္ဂလာပွဲအလယ်မှာ သူမဘယ်လောက်ထိ အရှက်ရခဲ့ရတယ်ဆိုတာ ထိုအမျိုးသားကတော့ ဂရုစိုက်ပုံမပေါ်။
ဂုဏ်သရေရှိ ဧည့်ပရိသတ်တွေရဲ့ အထင်သေးတဲ့မျက်လုံးတွေ၊ သနားဂရုဏာသက်ဟန် မျက်ဝန်းတွေကို သူမဘယ်လိုအင်အားနဲ့ ရင်ဆိုင်ခဲ့ရတယ်ဆိုတာ ထိုအမျိုးသားက စိတ်ဝင်စားဟန်မပေါ်။
ထိုအမျိုးသားက သူ့လုပ်ရပ်အပေါ် ဝတ်ကျေတန်းကျေ တောင်းပန်သည့် စာတစ်စောင် စကားတစ်ခွန်းတောင် ချန်မသွားခဲ့။
သို့ပေမယ့် သူမ ထိုအမျိုးသားကိုလည်း စိတ်မနာရက်နိုင်ပေ။
သူက ယမင်းမေ၏ဘဝမှာ ပထမဦးဆုံးအကြိမ်အဖြစ် ရင်နင့်အောင် ချစ်ခဲ့ဖူးသူမဟုတ်ပါလား။ ကျောင်းစတက်စ ကလေးဘဝကတည်းက သူ့မနှလုံးသားထဲမှာ တိတ်တိတ်လေးနေရာယူခဲ့သူမလား။
သူသဘောကျသည့်သူက ယောက်ျားလေးတစ်ယောက်ဖြစ်နေမှန်း သူမ သိသိရက်နှင့်တောင် ပိုင်ဆိုင်ချင်ခဲ့သည့် တစ်ဦးတည်းသောသူ ဖြစ်နေသည်မလား။
YOU ARE READING
Twilight ( Zaw+ Uni )
RomanceZawgyi## " ငါ့အချစ်ကို မျှော်လင့်နေရတာ မပင်ပန်းဘူးလား" " မပင်ပန်းစေချင်ရင်... ငါ့ကိုပြန်ချစ်လိုက်တော့လေ " Unicode## " ငါ့အချစ်ကို မျှော်လင့်နေရတာ မပင်ပန်းဘူးလား" " မပင်ပန်းစေချင်ရင်... ငါ့ကိုပြန်ချစ်လိုက်တော့လေ "