Zawgyi**
ကြောင်စာအနည်းငယ်ကို ကြောင်စာခွက်ထဲထည့်လိုက်ပြီး Emily ရှေ့ချပေးလိုက်ကာ ခြံအပြင်သို့လှမ်းကြည့်လိုက်တော့ Loren က ဖိုးကောက်ဖြင့် စကားပြောနေလေ၏။
ထို့ကြောင့် ဆည်းလည်း Loren ထံပြန်မသွားတော့ဘဲ ဧည့်ခန်းထဲ၌ထိုင်လိုက်ကာ နေကြာစေ့ခွာစားရင်း TV ကြည့်နေလိုက်သည်။
ခဏကြာတော့ လွှမ်းက ချိုင်းထောက်ကြီးတကားကားဖြင့် ဆည်းနားရောက်လာကာ ဆည်းဘေး၌ ထိုင်လိုက်၏။
ထို့နောက် ဆည်းလက်အား လှမ်းဆွဲလိုက်ပြီး လက်ထဲရှိ အခွံခွာပြီးသားနေကြာစေ့ကို သူ့ပါးစပ်ထဲထည့်လိုက်ခြင်းနှင့်အတူ ဆည်း၏လက်ညှိုးထိပ်လေးကိုပါ မိမိရရကိုက်လိုက်ပြန်၏။
" အာ့... စဝ်လွှမ်းရဝေ နာတယ်ဟ "
ဆည်းက လက်ကို လွှမ်းထံမှပြန်ဆွဲလိုက်ပြီး လက်ညှိုးထိပ်ကို tissue ဖြင့်သုတ်လိုက်ရင်း လွှမ်းအား ဂြိုလ်ကြည့်ကြည့်လိုက်သည်။ လွှမ်းကတော့ ပြီတီတီမျက်နှာထားဖြင့် မျက်လုံးတစ်ဖက်ကို မှိတ်ပြရင်း...။
" နာသွားရင် ငါ့ကိုပြန်ကိုက်လေ "
သူ့ညာဘက်လက်ညှိုးကို ဆည်းနှုတ်ခမ်းရှေ့သို့ ထောင်ပြရင်းပြောတော့ ဆည်းက ကိုယ်ကို နောက်သို့ရို့လိုက်ရင်း လက်ကို ပုတ်ထုတ်လိုက်သည်။
" တော်စမ်း... ကလေးကလားနဲ့ ပြန်ကိုက်ရအောင်ငါကမင်းလို ခွေးစိတ်ပေါက်နေတာမဟုတ်ဘူး "
" ငါဘယ်မှာ ခွေးစိတ်ပေါက်နေလို့လဲ "
" ပေါက်တယ်လေ... မင်းပဲငါ့ကို ဟိုကိုက်လိုက် ဒီကိုက်လိုက်... အဟမ်း တော်ပြီ "
ဆည်းက အားရပါးရဖြင့် ပြန်ခံပြောရန်ပြင်ပြီးကာမှ စကားကိုတစ်ဝက်တစ်ပျက်ဖြင့်ရပ်လိုက်ကာ အနီရောင်သမ်းနေသော မျက်နှာကို တစ်ဘက်သို့ လွှဲလိုက်သည်။ ဆည်း၏လက်ကလည်း လည်ထောင်ဆွယ်တာအောက်က ကိုက်ရာလေးဆီသို့ အလိုလိုပွတ်မိသွားရ၏။
ရှက်နေသည့် ဆည်း၏ ပုံစံလေးကို လွှမ်းသဘောတကျဖြင့် ကြည့်နေရင်း ဆည်း၏ မေးဖျားလေးကို ဆွဲကာ သူ့ဘက်သို့ လှည့်လိုက်ပါ၏။
STAI LEGGENDO
Twilight ( Zaw+ Uni )
Storie d'amoreZawgyi## " ငါ့အချစ်ကို မျှော်လင့်နေရတာ မပင်ပန်းဘူးလား" " မပင်ပန်းစေချင်ရင်... ငါ့ကိုပြန်ချစ်လိုက်တော့လေ " Unicode## " ငါ့အချစ်ကို မျှော်လင့်နေရတာ မပင်ပန်းဘူးလား" " မပင်ပန်းစေချင်ရင်... ငါ့ကိုပြန်ချစ်လိုက်တော့လေ "