Chapter-33

160 9 2
                                    

Zawgyi***

" ဘာလို့ဘာမှမဆိုင်ရမှာလဲ... လွန်ခဲ့တဲ့လေးနှစ်က ဆည်းငါ့ဆီပို့လိုက်တဲ့ စာကို မင်းဖျက်ဆီးပစ်လိုက်တယ်..မင်းရဲ့ အရေးမပါတဲ့ သဝန်တိုမှုကြောင့် ဆည်းမှာ အဖွားရဲ့ နောက်ဆုံးအချိန်မှာ ရှိမနေနိုင်တာ... ဒါကိုများ မင်းက ဘယ်လို မျက်နှာမျိုးနဲ့ အပြစ်တင်ရဲရတာလဲ... တကယ်တမ်းအပြစ်ရှိတာက မင်းပဲ ယမင်းမေ..."

လွှမ်း၏စကားကြောင့် ယမင်းမေထိတ်လန့်သွားမိသည်။

ဟုတ်သည်။ ထိုနေ့က လွှမ်းနာမည်တပ်ထားသည့် နေဝင်ဆည်းဆာပို့လာသည့်စာက အဖွား၏အိမ်လိပ်စာအတိုင်း ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့သည်။

သို့ပေမယ့် ထိုအချိန်မှာ လွှမ်းက သူမကိုရှောင်ချင်တာကြောင့် ဟိုတယ်ကို သွားနေချိန်ဖြစ်သည်။ အဖွားက နေ့ခင်းတစ်ရေးတစ်မော အနားယူနေပြီး ဖိုးကောက်ကတော့ ကျောင်းသွားနေခဲ့သည်။

စာပို့သမားရောက်လာသည့်အချိန်မှာ စာကို သူမလက်ခံယူခဲ့တာဖြစ်၏။ အစကတော့ လွှမ်းကိုပေးဖို့အတွက် အဖွားကို မှာခဲ့ရန် စိတ်ကူးမိသော်လည်း စာအိတ်ပေါ်မှ ရင်းနှီးနေသည့် ခပ်သော့သော့လက်ရေးတို့ကို တွေ့ချိန်မှာတော့ အဖွားကို ပေးခဲ့မည့်စိတ်ကူးကို ပယ်ဖျက်လိုက်ကာ စာအိတ်ကို အရင်ဖောက်ဖတ်လိုက်မိသည်။

သူမထင်ထားသည့်အတိုင်း ထိုစာက နေဝင်ဆည်းဆာဆီမှ ရောက်လာသည့်စာပင်။ စာထဲမှာရေးထားသည်က သူ wildlife photographer အဖြစ်လုပ်ကိုင်နေသည့်ဆိုသည့်အကြောင်းရယ်၊ ဆက်သွယ်ရမည့် ဖုန်းနံပါတ်နှင့် လိပ်စာတို့သာ။

စာဖတ်ပြီးနောက် သူမစိတ်ထဲစိုးရိမ်စိတ်တို့ ဝင်လာခဲ့သည်။ သူမသာ ဒီစာကို လွှမ်းကို ပေးလိုက်ပါက သူတို့နှစ်ယောက်ပြန်ပြီး အဆက်သွယ်ရသွားမည်ကို သူမစိတ်ပူသည်။

လွှမ်းက နေဝင်ဆည်းဆာအိမ်က ထွက်သွားပြီးကတည်းက ရေဆုံးမြေဆုံးလိုက်ရှာနေသည်ကို သူမ သိသည်။ လွှမ်း၏အကျင့်အရ ဒီစာကိုရသည်နှင့် နေဝင်ဆည်းဆာ ရှိသည့်နေရာကို လိုက်သွားပေလိမ့်မည်။

ဒီလိုဆို သူမနှင့် လွှမ်း ဒီ့ထက်ပိုပြီး ဝေးကွာသွားကြမည်ဖြစ်သလို သူမတို့ မင်္ဂလာပွဲလည်း ပျက်ဆီးသွားပေလိမ့်မည်။

Twilight ( Zaw+ Uni )Where stories live. Discover now