Chapter-47

79 2 0
                                    

Unicode***

" ရုတ်တရက်ကြီး ဘာလို့စိတ်ကူးပြောင်းသွားရတာလဲ အဖိုး... "

လွှမ်းက သိချင်စိတ်ကိုအောင့်မထားနိုင်စွာဖြင့် မေးလိုက်ခြင်း။ ဆည်းကလည်းမည်သို့မျှ စကားမဆိုပေမယ့် မျက်နှာအမူအရာက အဖိုး၏စိတ်ကူး ရုတ်တရက်ပြောင်းလဲသွားသည့်အကြောင်းကို သိချင်နေမှန်း သက်သေခံနေ၏။

" ဒါကမင်းတို့လိုချင်တာပဲ မဟုတ်ဘူးလား "

မေးခွန်းကိုမဖြေဘဲ ဦးစဝ်ခွန်းက အမေးစကားနှင့်ပြန်လည်တုံ့ပြန်၏။

" ဟုတ်တော့ဟုတ်ပေမယ့်... ဒီလောက်ထိ မြန်မြန်ကြီး သဘောတူစရာအကြောင်းမရှိဘူးလေ "

" ငါက မင်းတရားချတာကို လက်ခံသွားလို့ဆိုရင်ရော "

" အဓိပ္ပာယ်မရှိတာ "

ငယ်ငယ်ကတည်းက အဖိုးနှင့် နီးနီးကပ်ကပ်နေလာခဲ့ရ၍ အဖိုး၏စိတ်နေစိတ်ထားကို လွှမ်းကောင်းစွာသိသည်။ အဖိုးက ဘယ်နည်းနှင့်မှ သူ၏ဖြောင်းဖြစကားတစ်ခွန်းနှစ်ခွန်းလောက်နဲ့ ချက်ချင်းကြီးလက်ခံလာမည့်သူမဟုတ်။

" တကယ်ပဲဘာကြောင့်များလဲ အဖိုး "

ဦးစဝ်ခွန်းက တစ်ချက်ရယ်လိုက်ရင်း ဆိုဖာဆက်တီခုံတို့အား မေးငေါ့ပြလိုက်ကာ...။

" ဟိုမှာ သွားထိုင်ကြ... အကြောင်းစုံကိုအဖိုးပြောပြမယ်"

လွှမ်းက ဆည်းအားဘယ်လိုလဲဆိုသည့်သဘောဖြင့် မေးဆက်ပြလိုက်သည်ကို ဆည်းက အဖိုးပြောသလိုသာလုပ်လိုက်ဆိုသည့်သဘောဖြင့် မျက်တောင်ခတ်ကာခေါင်းကိုအသာညိတ်ပြလိုက်ရင်း ဆိုဖာပေါ်သို့ဝင်ထိုင်လိုက်သည်။ လွှမ်းကလည်း ဆည်းဘေး၌ တူတူ။

ဦးစဝ်ခွန်းက လွှမ်းတို့ဆီမလာသေးဘဲ ကုတင်ဘေးရှိစားပွဲခုံပုလေးဆီသို့လျှောက်သွားလိုက်ရင်း အထဲမှ အညိုရောင်စာက္ကူစာအိတ်ရှည်ကိုယူလိုက်ပြီးမှ ဆိုဖာဆက်တီ၏ထိပ်ဆုံးခုံ၌ ဝင်ထိုင်လိုက်သည်။

ထို့နောက် စာအိတ်ကို စားပွဲပေါ်သို့တင်လိုက်ရင်း.....။

" ဒီစာအိတ်ကို မနေ့ညနေကမှ စောနောင်ရဲ့ အတွင်းရေးမှူးဆီကနေတစ်ဆင့် လက်ခံရခဲ့တာ... စာအိတ်ထဲမှာ မင်းတို့နှစ်ယောက်ကို သဘောတူပေးနိုင်လောက်တဲ့ အကြောင်းပြချက်တွေပါတယ်... "

Twilight ( Zaw+ Uni )Where stories live. Discover now