Zawgyi**
" ဦးဓနကြွယ်လို့ ပို့ယုံလောက်နဲ့ စဝ်လွှမ်းရဝေက ဒီကိုရောက်လာပါ့မလား "
မောင်းသူထိုင်ခုံမှနေ၍ ကိုယ်ကိုတစ်ခြမ်းစောင်းလျက် Ash ၏ ဖုန်း screen အား ငဲ့ကြည့်လာရင်း မေးလာသည့် Jade ။ ဖုန်းကို ပိတ်လိုက်ရင်း dashboard ပေါ်ပစ်တင်လိုက်ကာ ထိုင်ခုံနောက်မှီပေါ်အကြောဆန့်မှီလိုက်ရင်းဖြင့် Ash က ပြန်ဖြေလိုက်၏။
" အဲ့တာဆို ငါက ဘယ်လို ပို့ရမလဲ... ဦးဓနကြွယ်ကို မြှုပ်ထားတဲ့သင်္ချိုင်းကို လာခဲ့ပါလို့ ပို့ရမှာလား "
" အင်းလေ.. အဲ့လိုဆို ပိုပြီးပြည့်စုံတယ်မလား... မဟုတ်ရင် တခြားနေရာရောက်သွားရင်ဘယ်လိုလုပ်မလဲ "
ရွဲ့ပြီးမေးလိုက်သည့်မေးခွန်းကိုမှ တကယ်ထင်ပြီးပြန်ဖြေနေသည့် Jade ကြောင့် Ash စိတ်တိုသွားရသည်။ တစ်ဆက်တည်းမှာပင် Jade လို ငတုံးတစ်ကောင်ကို လက်ထောက်အဖြစ်ထားမိခြင်းအတွက်လည်း ထပ်မံနောင်တရလာ၏။
" တော်စမ်းပါ Jade ရာ... မင်းကလေ လူကောင်ကြီးသလောက် ဦးနှောက်တော်တော်သေးတဲ့ကောင်ပဲ... မင်းလိုကောင်ကို ဘာစိတ်ကူးပေါက်ပြီး လက်ထောက်လုပ်ခိုင်းမိမှန်းမသိတော့ဘူး...စဝ်လွှမ်းရဝေကို မင်းလို ငတုံးများမှတ်နေလား "
စိတ်ပေါက်ပေါက်ဖြင့် Ash ဆူလိုက်မိသည့်အခါမှာတော့ Jade တစ်ယောက် အနည်းငယ်တည်တင်းသွားသော မျက်နှာအမူအယာဖြင့် Ash ထံမှ အကြည့်လွှဲသွားလေတော့သည်။
ဒါက သူစိတ်ဆိုးသွားသည်ဆိုသည့်သဘော။
ဆိုးလေ... ဘယ်သူက သူ့ကို ဂရုစိုက်နေလို့လဲ။
သူ့လို Black Moon ရဲ့ ဒုခေါင်းဆောင်က လက်ထောက်တစ်ယောက်ကို ချော့မယ်များ ထင်နေလား။
ထိုင်ရင်း အိပ်မက်မက်နေလိုက်။
Ash လည်း Jade ကို ဂရုစိုက်မနေတော့ဘဲ ရှေ့ကိုသာ လှမ်းကြည့်လိုက်မိသည်။ သူကြည့်နေသည့်နေရာက ကိုက်ငါးဆယ်ခန့်အကွာမှာ ရပ်ထားသည့် အနက်ရောင်ပြိုင်ကားတစ်စီးပင်။
" သူ အဲ့ထဲမှာ ထိုင်နေတာ ဆယ်မိနစ်ကျော်နေပြီ... ထွက်လာဦးမှာလား "
YOU ARE READING
Twilight ( Zaw+ Uni )
RomanceZawgyi## " ငါ့အချစ်ကို မျှော်လင့်နေရတာ မပင်ပန်းဘူးလား" " မပင်ပန်းစေချင်ရင်... ငါ့ကိုပြန်ချစ်လိုက်တော့လေ " Unicode## " ငါ့အချစ်ကို မျှော်လင့်နေရတာ မပင်ပန်းဘူးလား" " မပင်ပန်းစေချင်ရင်... ငါ့ကိုပြန်ချစ်လိုက်တော့လေ "