Zawgyi***
Hotel မှ ဝန်ထမ်းကောင်လေးနှင့်ဖုန်းပြောပြီး လွှမ်းတစ်ယောက် အခန်းထဲပြန်ဝင်လာချိန်မှာတော့ ဆည်း၏တိုးညင်းသည့် သက်ပြင်းချသံအား ကြားလိုက်ရပါ၏။
ကုတင်ထက်၌ ဆည်းက နှဖူးပေါ်လက်တင်လျက် လှဲလျောင်းနေသည်။
နေ့လည်ကတည်းက ဆည်း၏မျက်နှာအမူအယာ မကောင်းမှန်း လွှမ်းသတိထားမိသည်။ ညစာစားတော့လည်း ကောင်းကောင်းမစားပေ။
လွှမ်း hotel ထဲမဝင်ခင်အချိန်ထိ ဆည်း၏မျက်နှာက ရွှင်ပျနေသေးပေမယ့် ထွက်လာချိန်မှာတော့ဆည်း၏ အမူအယာက ရှုပ်ထွေးနေသည့်ဟန်။ အစကတော့ စောင့်ရတာကြာလို့ ဆည်းစိတ်တိုနေသည်ဟု ထင်လိုက်ပေမယ့် ခုတော့ သူသိသွားပြီဖြစ်သည်။
လိုရမယ်ရ parking မှ CCTV မှတ်တမ်းကို ဝန်ထမ်းတွေအား ပြန်ကြည့်ခိုင်းလိုက်တော့မှ ဆည်းတစ်ယောက် ဦးစောနောင်နှင့်တွေ့ခဲ့မှန်း လွှမ်းသိရတော့သည်။ ဆည်းခုလိုစိတ်မသာမယာဖြစ်နေခြင်း၏ အဓိကတရားခံက သေချာပေါက်ပင် ဦးစောနောင်သာဖြစ်လိမ့်မည်။ ဗေဒင်မေးကြည့်စရာပင်မလို။
ဦးစောနောင်က Hotel project ကိစ္စဖြင့် ပြင်ဦးလွင်သို့ရောက်နေခြင်းပင်။ သို့ပေမယ့် အစည်းအဝေးက သန်ဘက်ခါမှ ဖြစ်သော်လည်း ထိုဝီရိယကောင်းလွန်းသည့် လိပ်အိုကြီးကတော့ စောစောစီးစီးကြိုရောက်နေလေ၏။ ဦးစောနောင်ရောက်နေမှန်း လွှမ်းကြိုသိပါက ဆည်းကို Hotel သို့ စာရွက်စာတမ်းတွေယူရန်ခေါ်သွားမည်မဟုတ်ပေ။ ခုတော့ သူ့ကြောင့် ဆည်းစိတ်ညစ်ရလေပြီ။
" ဆည်း "
ကုတင်ထက်၌ တင်ပါးလွှဲဝင်ထိုင်ရင်း ဆည်းအားခေါ်လိုက်တော့ သူ့အားဘာလဲဆိုသည့်ပုံစံဖြင့် မျက်လုံးဖွင့်ကြည့်လာပါ၏။
" မင်းတစ်ခုခုဖြစ်နေတာလား.. ငါနေ့လည်ကတည်းကသတိထားမိတယ်.. မင်းမျက်နှာမကောင်းဘူး..."
" ဘာမှမဖြစ်ပါဘူး "
ဆည်းက ခေါင်းယမ်းပြကာ လှဲနေရာမှ သူနှင့်မျက်နှာချင်းဆိုင်ဖြစ်အောင် ထထိုင်လိုက်လေ၏။
ဆည်း၏အငြင်းစကားကြောင့် လွှမ်းနည်းနည်းတော့ စိတ်မသက်မသာဖြစ်သွားရသည်။ နှလုံးသားချင်း ရင်းနှီးပြီးတာတောင်မှ ဆည်းဘက်က သူ့အား သူစိမ်းလိုဆက်ဆံနေသေးသည်။
YOU ARE READING
Twilight ( Zaw+ Uni )
RomanceZawgyi## " ငါ့အချစ်ကို မျှော်လင့်နေရတာ မပင်ပန်းဘူးလား" " မပင်ပန်းစေချင်ရင်... ငါ့ကိုပြန်ချစ်လိုက်တော့လေ " Unicode## " ငါ့အချစ်ကို မျှော်လင့်နေရတာ မပင်ပန်းဘူးလား" " မပင်ပန်းစေချင်ရင်... ငါ့ကိုပြန်ချစ်လိုက်တော့လေ "