Chapter-31

133 8 4
                                    

Zawgyi***

Ash ထံမှပြန်လာပြီးသည့်နောက် လွှမ်းလည်း Hotel သို့သာ လာခဲ့တော့သည်။ အတင်းပြော၍ တာဝန်လစ်ဟင်းသည့် ဝန်ထမ်းတို့အား အပြစ်ပေးရန်ရှိသေးသည်။

Hotel ကိုရောက်တော့ ရှိသမျှဝန်ထမ်းအားလုံးကို အစည်းအဝေးခေါ်လိုက်သည်။ အစည်းအဝေးအခန်း၏ ထိပ်ဆုံးစားပွဲ၌ လွှမ်းက ခပ်တင်းတင်းအမူအယာဖြင့် ဆုံလည်ထိုင်ခုံ၏ နောက်မှီကိုမှီရင်း ခြေချိတ်လျက်ထိုင်နေ၏။ ဟိုတယ် မန်နေဂျာကိုသက်နိုင်ကတော့ လွှမ်း၏လက်ဝဲဘက်ဘေး၌ ထိုင်နေရင်း အနည်းငယ်စိတ်ရှုပ်ထွေးနေသည်။

တင်းမာနေသည့် လွှမ်း၏မျက်နှာအမူအယာကြောင့် တန်းစီလျက် ခပ်ကုပ်ကုပ်ရပ်နေသည့် ဝန်ထမ်းအားလုံး၏ရင်ထဲ၌ အထိတ်ထိတ်အလန့်လန့်။ သို့ပေမယ့် ဒီကိစ္စ၏အဓိက တရားခံဖြစ်သူ မိုးဇော်ကတော့ ကြောက်ရွံ့ဟန်မရှိသည့် မခန့်လေးစားအမူအယာဖြင့်သာ ရင်ကော့ခေါင်းမော့လျက် ရပ်နေသည်။

လွှမ်းက ဝန်ထမ်းတို့အား ဝေ့ဝဲကြည့်လိုက်ရင်း...။

" အစည်းအဝေးခေါ်တဲ့ ကိစ္စကို အားလုံးလည်း group chat ထဲကနေကြားပြီးလောက်ပြီဆိုတော့ အထွေအထူးရှင်းပြမနေတော့ဘူး "

group chat ဆိုသည့် အသံကြားသည့်အခါမှာတော့ မိုးဇော်မှလွဲ၍ ကျန်သည့်ဝန်ထမ်းတို့က အပြစ်ရှိသူများပမာ ခေါင်းကို အလိုလိုငုံ့လိုက်မိကြသည်။

" မိုးဇော်..."

လွှမ်းက ပကတိတည်ငြိမ်နေသည့် လေသံဖြင့် ခေါ်လိုက်သည့်အခါ မိုးဇော်က သူ့အားစိုက်ကြည့်လာ၏။

" ဒီကိစ္စအတွက် မင်းကို ငါ အလုပ်ထုတ်လိုက်ပြီ "

ရုတ်တရက်ကြားလိုက်ရသည့် လွှမ်း၏စကားကြောင့် မိုးဇော်တစ်ယောက် အနည်းငယ်တုန်လှုပ်သွားမိသည်။ သူ့နည်းတူ ဝန်ထမ်းအချို့ကလည်း ဘယ်လိုလဲဟူသည့်သဘောဖြင့် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြ၏။

အနည်းငယ်တုန်လှုပ်သွားပေမယ့်လည်း မိုးဇော်က ချက်ချင်းပင် ပြန်တည်ငြိမ်အောင်ကြိုးစားလိုက်ရင်း လွှမ်းအားတည့်တည့်စိုက်ကြည့်လျက် သူပြင်ဆင်ထားသည့် စကားတို့အား အထေ့အငေါ့မရှိပြောလာလေ၏။

Twilight ( Zaw+ Uni )Where stories live. Discover now