Zawgyi**
" ဟူး....ပျင်းလိုက်တာ "
မြက်ခင်းပေါ်မှာ လှဲအိပ်နေရင်းဖြင့် ရင်ဘက်ပေါ်တင်ထားသည့် Camera အားယူလိုက်ကာ ကောင်းကင်ကြီးအားဓာတ်ပုံရိုက်လိုက်သည်။
လွှမ်းက မနက်ကတည်းက အလုပ်ကိစ္စဖြင့်အပြင်ကို ထွက်သွားပြီး ဖိုးကောက်ကတော့ ကျောင်းသွားနေသည်။ နှစ်ယောက်လုံးက ညနေမှပြန်လာမည်ဖြစ်သည်။
တစ်အိမ်လုံးမှာမှ သူတစ်ယောက်တည်းရှိသည်။ ဒီတိုင်းသာဆက်နေလျှင် ပျင်းလွန်း၍သေသွားမည်ထင်ပါ၏။
ဒီနေ့က ဒီအိမ်မှာ ရှိနေသည့် ငါးရက်မြောက်နေ့။ ကားလိုင်စင်နှင့် ဆိုင်ကယ်လိုင်စင်ကို သက်တမ်းတိုးပြီးဖြစ်ပေမယ့် ခုချိန်ထိ အသုံးမပြုရသေး။ အိမ်တွင်းအောင်းနေတာ နှစ်ရက်ရှိနေပြီ။
ဆေးရုံနှင့် ဘိုးဘွားရိပ်သာဆောက်ဖို့အတွက်မြေနေရာကို အိမ်ခြံမြေ အကျိုးဆောင်မှ တစ်ဆင့်ရှာခိုင်းထားပါ၏။ ခုထိတော့ ဘာမှအကျိုးမထူးသေးပေ။
မဖြစ်သေးပါဘူး။ အပြင်လေးဘာလေးသွားဦးမှပါ။ ထိုအတွေးနှင့်အတူ အင်္ကျီလဲရန်အတွက် အိမ်ထဲသို့ ဝင်ခဲ့လေ၏။
jean pant အနက်ကို လည်ထောင်ဆွယ်တာ အနက်နှင့်တွဲဝတ်လိုက်ပြီး အပေါ်ကမှ jean လက်ရှည်ကို ထပ်ဝတ်လိုက်ပါ၏။ ဆံပင်ကိုကြည့်ကောင်းအောင်ပြင်လိုက်ပြီး ဘယ်ဘက်နားမှာ fancy နားကပ်လေးဝတ်လိုက်သည်။ ထို့နောက် ဖုန်း၊ ပိုက်ဆံအိတ်နှင့် camera ကို backpack ထဲထည့်လိုက်ကာ အခန်းထဲမှထွက်လာခိုက် မီးဖိုခန်းထဲမှထွက်လာသည့် ကြီးနန်းနှင့်တည့်တည့်တိုးပါ၏။
ကြီးနန်းပြန်ရောက်နေသည်မှာ နှစ်ရက်ခန့်ရှိနေပြီဖြစ်သည်။
" အပြင်သွားမလို့လား...သား "
" ဟုတ်တယ်ကြီးနန်း "
" ထမင်းစားပြီးမှသွားတာမဟုတ်ဘူးကွယ်...ဗိုက်ဆာနေတော့မှာဘဲ ဆယ့်တစ်တောင်ထိုးနေပြီကို "
ကြီးနန်းကအဲ့လိုပင်ဖြစ်သည်။ သူတို့သုံးယောက်လုံးက ကြီးနန်းလက်ပေါ်မှာ ကြီးပြင်းလာတာကြောင့် သားအရင်းတွေလိုစိတ်ပူပေးတတ်၏။
YOU ARE READING
Twilight ( Zaw+ Uni )
RomanceZawgyi## " ငါ့အချစ်ကို မျှော်လင့်နေရတာ မပင်ပန်းဘူးလား" " မပင်ပန်းစေချင်ရင်... ငါ့ကိုပြန်ချစ်လိုက်တော့လေ " Unicode## " ငါ့အချစ်ကို မျှော်လင့်နေရတာ မပင်ပန်းဘူးလား" " မပင်ပန်းစေချင်ရင်... ငါ့ကိုပြန်ချစ်လိုက်တော့လေ "