Zawgyi***
နေရောင်ခြည်စူးစူးက မှန်ပြတင်းမှတစ်ဆင့် ဆည်းမျက်နှာပေါ်သို့ ဖြာကျလာသည့်အခါမှာတော့ ဆည်း အိပ်ရာမှနိုးလာခဲ့တော့သည်။
ဆေးအရှိန်ကြောင့်လားမသိပေမယ့် တစ်ညခန့်ကောင်းကောင်းအိပ်ပြီးသည့်နောက်မှာတော့ ဆည်းတစ်ယောက် အတော်လေး နေရထိုင်ရကောင်းသွား၏။
မနေ့တုန်းကဆိုလျှင် ဦးခေါင်းတစ်ခုလုံး မူးဝေနေကာ အသက်ရှူရသည်မှာလည်း သိပ်မဝ။
" နိုးလာပြီလား... ဘယ်လိုနေသေးလဲ "
အိပ်ယာမှ ထထိုင်လိုက်သည့်အခါ လွှမ်းက သူ့အနားသို့ရောက်လာရင်း မေးလာလေသည်။
လွှမ်းက ကုတင်ဘေး၌ တင်ပါးလွှဲဝင်ထိုင်လိုက်ရင်း ဆည်း၏နှဖူးပေါ်သို့ လက်တင်ကာ အဖျားတိုင်းကြည့်သည်။
" နည်းနည်းတော့ နွေးနေသားပဲ.. မနေ့ကလောက်တော့ မပူတော့ဘူး... ဒါပေမယ့် ကိုယ်ဆရာမကို သွားခေါ်ဦးမယ် သွေးပေါင်ချိန်ကြည့်ရအောင်လို့... ဒီမှာ ထိုင်နေဦးနော် ဘယ်မှလျှောက်မသွားနဲ့ဦး... "
ပြောရင်းဆိုရင်း ဆရာမအား သွားခေါ်မည်ပြုသည့်အခါ ဆည်းက လွှမ်းလက်အား ကိုင်ဆွဲလိုက်သည်။
" နေဦး... မင်း ညက မအိပ်ဘူးလား "
လွှမ်း၏မျက်ဝန်းအောက်က အညိုဖျော့ရောင်အရစ်တို့အား ကြည့်ရင်း ဆည်းမေးလိုက်သည့်အခါ လွှမ်းက ပြုံးလျက်ပြန်ဖြေလာ၏။
" ကိုယ် စိတ်ပူလို့ စောင့်ကြည့်ပေးနေတာ... တစ်ညလေးပဲဟာ ဘာမှမဖြစ်ပါဘူး.. ခဏနော် ဆရာမကို ခေါ်ပေးမယ်... ဒီတိုင်းလေးလှဲနေလိုက် "
လှဲနေလိုက်ဟုပြောကာ လွှမ်းထွက်သွားသည့်အခါ ဆည်းက စားပွဲထက်မှ ဖုန်းအားလှမ်းယူလိုက်ရင်း facebook ကို ဖွင့်လိုက်၏။
သို့ပေမယ်လည်း လွှမ်းက သူနာပြုဆရာမနှင့်အတူပြန်ရောက်လာကာ ဆည်းထံမှ ဖုန်းကို ပြန်ယူလိုက်သည်။
ဆရာမလည်း စစ်ဆေးစရာရှိသည်များစစ်ဆေးပြီးနောက် ဆည်းတို့အား သီးသန့်အချိန်ပေးရန်အတွက် အခန်းထဲမှ ပြန်ထွက်သွားတော့သည်။
" မနက်စာစားမယ်လေ... ဘာစားချင်လဲ... အစာပျော့ပျော့လေးတွေပဲ စားဖို့ပြောထားတော့ ဆန်ပြုတ်သောက်မလားဟင်.. "
YOU ARE READING
Twilight ( Zaw+ Uni )
RomanceZawgyi## " ငါ့အချစ်ကို မျှော်လင့်နေရတာ မပင်ပန်းဘူးလား" " မပင်ပန်းစေချင်ရင်... ငါ့ကိုပြန်ချစ်လိုက်တော့လေ " Unicode## " ငါ့အချစ်ကို မျှော်လင့်နေရတာ မပင်ပန်းဘူးလား" " မပင်ပန်းစေချင်ရင်... ငါ့ကိုပြန်ချစ်လိုက်တော့လေ "