[Unicode]
ချူယု ဟာဆိုရင်ကြည့်ကောင်းတဲ့ရုပ်ရည်ရှိပြီးတော့ ကောင်းမွန်တဲ့မိသားစုနောက်ခံကိုလည်းပိုင်ဆိုင်ထားသည်။ သူဟာဆိုရင်ဖြင့် အပျင်းထူလွန်းအားကြီးပြီး ပြုပြင်လို့မရနိုင်လောက်တဲ့ လူတစ်ယောက်ဖြစ်ပေမဲ့လည်း ကျန်ရင် ကိုယ်ပိုင်အထက်တန်းကျောင်းမှတော့ သူ့ရဲ့ကြည့်ကောင်းတဲ့ရုပ်ရည်ကြောင့် 'ကျောင်းရဲ့ပန်းပွင့်လေး' အဖြစ် ကြီးမားသော မဲပေးစနစ်နှင့်အတူ မဲမေးခြင်းခံထားရသူတစ်ယောက်ဖြစ်သည်...။
ကျောင်းတစ်ခုလုံးဟာဆိုရင် ချူယုကို ဆိုးဝါးလှတဲ့မှတ်ချက်တွေနဲ့အတူ ဒုတိယနှစ်ရဲ့ စာအတော်ဆုံး ကောင်လေးအဖြစ်သိထားကြတယ်....သူဟာ အမျိုးမျိုးသောပြိုင်ပွဲတွေဆီကနေ လက်ခံရရှိတဲ့ဆုတံဆိတ်တွေကို သူယူတဲ့အခါတိုင်း သူ့ရဲ့ပျင်းတိပျင်းရွဲနဲ့ပျော့ဖတ်နေတဲ့လက်တွေနဲ့ပဲ သူယူလေ့ရှိတယ် သူ့ကိုဆုပေးနေတဲ့သူတွေက ဘယ်လိုလူမျိုးပဲဖြစ်ဖြစ်ပေါ့....။ သူဟာအနေအေးတယ်၊ တစ်ခါတစ်လေ ကျယ်လောင်စွာရီတတ်တယ်၊ စကားနည်းတယ် ပြီးတော့ လုရှီးကလွဲရင်တစ်ကျောင်းလုံးကို သူလစ်လျူရှူထားသည်...။
ဒါတွေအားလုံးဟာဆိုရင်ဖြင့် ကျောင်းမပြီးခင် နေ့တနေ့အထိသာဖြစ်တယ်...တစ်စုံတစ်ယောက်က ချူယုကို ကျောင်းအဆောက်အဦးတွေအနောက်က သစ်ပင်တွေကြားထဲမှာ မြင်သွားခဲ့တဲ့အခါ..စာတော်တဲ့ကောင်လေးဟာဆိုရင်ဖြင့် သူ့ရဲ့အဖြူရောင်ရှပ်အကျီလက်ကို ခေါက်တင်နေရင်း ရယ်သံစွက်နေတဲ့အသံနဲ့ပြောလိုက်တယ်
"လုရှီး....ငါ့ကိုကိုက်ခွင့်ပေးပါလား၊ ငါညှင်ညှင်သာသာလုပ်ပါ့မယ်"
လုရှီး ဟာသူ့ရဲ့လက်ချောင်းတွေကို ချူယုရဲ့ပါစပ်ပေါ်တင်လိုက်တယ်
"နည်းနည်းလောက် နာရင်တောင် ဘာမှမဖြစ်ပါဘူးလေ "
ချူယု သည်တစ်နည်းနည်းဖြင့် သူ၏ထူးဆန်းသောသွေးကြောများ တစ်ညလုံးနိုးကြားနေသည်ကိုတွေ့လိုက်ရသည့်အခါတုန်လှုပ်သွားသည်။ သူအသက်ရှည်ရှည်ရှင်သန်ရန်အတွက်နေ့စဉ်တစ်နေ့လျှင်တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်သွေးစုပ်ရန်လိုသော်လည်းအခြားလူများ ၏သွေးသည်သူ့အတွက်ခါးသီးပြီးအနံ့အသက်ဆိုးစေသည်။လုရှီးကလွဲလို့ပေါ့.....
#ကောင်းကင်ဘုံက ငါနဲ့တုဖက်ပြီးပြိုင်ချင်နေတော့တာပဲ#
____________
သူတို့နှစ်ဦးနမ်းပီးကြတဲ့အခါ...လုရှီးက သူ့နှုတ်ခမ်းကိုပြန်ပီးတော့ခွာလိုက်တယ်၊ အဲ့အချိန်မှာပဲ သွေးတွေက မွှေးပျံ့ ချိုအီစွာ တစ်စက်ချင်း စီးကျလာတယ်...။ ချူယုဟာဆိုရင် စီးကျလာတဲ့သွေးတွေကို မတားခဲ့တဲ့အပြင် လုရှီးနှုတ်ခမ်းကိုလျှာနဲ့ ယက်လိုက် ကိုက်လိုက်နဲ့ ထပ်ခါ ထပ်ခါ ပြုလုပ်နေတော့တယ်.....။လုရှီးက ချူယု ခါးကိုဆုပ်ကိုင်လိုက်ရင်းဖြင့်ရွှင်မြူးစွာမေးလိုက်တယ်
"ကဲ...ခု ထပ်လိုချင်သေးလား၊ ဟမ်...?"
{T/N Note _ မူရင်းစာရေးသူ၏အရေးအသားအား အတတ်နိုင်ဆုံး တူညီအောင် ဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည် တစ်စုံတစ်ရာ လွဲမှားခဲ့ပါက ဘာသာပြန်သူ၏အမှားသာဖြစ်ပါသည်။ ပထမဆုံး ဘာသာပြန်တာဖြစ်တဲ့အတွက် လိုအပ်ချက်ရှိပါက ဝေဖန် အကြံပေးစေလိုပါတယ်ရှင့်}
VOUS LISEZ
Bite Your Fingertips [Myanmar Translation]
FantasyEng Title :Bite Your Fingertips Short Title :BYFA lternate Title :咬上你指尖 Author :Su Jingxian Genre :Fantasy, Romance, School Life, Supernatural, Yaoi Original Author Link: https://www.z...