ယွန်းဘေဂျွန်း-၃၈
ဂျောင်ဆူး မျက်နှာလွဲလိုက်မိတယ်။
ဒီလူသားက သခင်လေးရဲ့အပိုင်ဟု ဆိုနိုင်တယ်။ တစ်ခုခု ဝင်တားတာက သူ့အတွက်ရော သခင်လေး အတွက်ပါ ကောင်းမွန်တာမျိုး မရှိလေဘူး။ ဒီလူသားကို သခင်လေးကပဲ အပြစ်ပေးနိုင်တယ်။ သခင်လေးကပဲ ကြင်နာနိုင်တယ် ဆိုတာ ဂျောင်ဆူး သိနားလည်သေးတယ်။ ဒါပေမဲ့ စကားတစ်ခွန်းတော့ ပြောမိလိုက်တယ်။
"သခင်လေး လုပ်ပြီးသွားရင် နောင်တမရမှာ သေချာရဲ့လား"
ဓားသွားချွန်ချွန်လေးက မျက်ခုံမို့မို့ပေါ်တွင် တိခနဲ တန့်ရပ်သွားတယ်။ ဓားသွားငယ်ငယ်က ဘေဂျွန်းရဲ့ လက်ဖျံပေါ် ရွှတ်ခနဲ ထိခတ်သွားပြီးနောက် ဓားမြှောင်ငယ်လေးက ကြမ်းခင်းပေါ်သို့ ကျဆင်းသွားတယ်။ ရင်ခွင်ထဲက လူသားကို ပိုပြီး တင်းတင်းကျပ်ကျပ် ထွေးပွေ့မိသွားတယ်။
ဟုတ်တာပေါ့။ ဒီလို လုပ်ပြီးရင် ဂျွန်းလေး နောင်တရမှာ သေချာတယ်။ ဂျွန်းလေးက ဘာလို့ အစ်ကိုယူဒိုကို ထိခိုက်အောင် လုပ်မှာလဲ။ မလုပ်နိုင်ဘူး။
အိပ်ရာပေါ်မှာ သေသေချာချာ ကျကျနနလေး တင်လိုက်ပြီးမှ စောင်ကို ဆွဲယူခြုံပေးလိုက်တယ်။ ပြီးနောက်မှ ဂျောင်ဆူးဆီကို ပြန်လှည့်လာတယ်။
"သမားတော်ခေါ်.."
"သခင်လေး.. ဒီအချိန်.."
"ငါ.. ငါ သူ့ကို ထိခိုက်အောင် လုပ်မိတော့မလို့ မင်း မမြင်ဘူးလား"
တဲတစ်ခုလုံးက ထပ်ပြီးတော့ တိတ်ဆိတ်သွားပြန်တယ်။ ဘေဂျွန်းကပဲ ဆက်ပြီးတော့ တီးတိုးပြောလိုက်မိတယ်။
"ငါ သူ့ရှေ့မှာ နောက်ထပ် အဲဒီပုံစံ ဖြစ်သွားရင် ဘယ်လို လုပ်မလဲ"
နှစ်နဲ့ချီအောင် ကပ်တွယ်လာပြီးတဲ့ ရောဂါတစ်ခုက တစ်ညအတွင်း ကုလို့ မပျောက်နိုင်ဘူး ဆိုတာကို ဂျောင်ဆူး သခင်လေးကို ပြောပြချင်တယ်။ ဒါပေမဲ့ ဒါကို လက်မခံမှာကိုလည်း ကြိုသိနေပြန်တယ်။ သခင်လေးက ထပ်ပြီးတော့ ပြောလာတယ်။
"ငါ သူ့ကို ထိခိုက်အောင် လုပ်မိသွားရင် ဘယ်လို လုပ်မလဲ"
"မဖြစ်နိုင်ပါဘူး၊ ကျွန်တော့်စိတ်အထင် သခင်လေးရဲ့ ဒီရောဂါက သခင်လေးယူဒိုနဲ့ ပတ်သတ်နေခဲ့တာ မဟုတ်ဘူးလား၊ ကုသမှုကလည်း သခင်လေးယူဒိုကို လိုအပ်လိမ့်မယ်လို့ ကျွန်တော် တွေးမိတယ်"
![](https://img.wattpad.com/cover/207979988-288-k689898.jpg)
YOU ARE READING
ယွန်းဘေဂျွန်း
Historical Fictionယွန်းဘေဂျွန်းဆိုတဲ့ စစ်သူကြီးက ရုပ်လေးလှသလောက် ဆိုးသွမ်းတယ် ဆိုပြီး နာမည်ကျော်တယ်။ သူ ဆိုးတဲ့ပုံစံက တစ်မျိုး.. သူ သေပေးချင်တဲ့သူအတွက်ဆိုရင် အသက်ပါပေးရဲပြီးတော့ သူ ဖျက်ဆီးပစ်ချင်တဲ့သူ ဆိုရင် အမှုန်အမွှားဖြစ်တဲ့အထိ ဖျက်ဆီးပစ်ချင်ပါတယ်တဲ့။ ဒါနဲ့ သူက င...