ယွန်းဘေဂျွန်း ၄၉

348 37 2
                                    

49 01

ယွန်းဘေဂျွန်း-၄၉

မြင်းတစ်ကောင်က အလျင်နဲ့ ပြေးနေတယ်။ တောင်ပေါ်ရွာလေးနဲ့ မလှမ်းမကမ်းက သစ်ပင်ကြီး အရိပ်တွေ ကောင်းကောင်းရှိတဲ့ အိမ်ငယ်လေးကို ဦးတည်နေတယ်။

မြင်းက ရပ်သွားပြီးတော့ မြင်းပေါ်က လူက ခုန်ဆင်းလာတယ်။ အိမ်ထဲမှာ လူမရှိတာ သိသာထင်ရှားနေတယ်။ မြင်းပေါ်က လူက သူ့ရင်ဘတ်ထဲကနေ အိတ်ငယ်လေး တစ်လုံးကို ထုတ်လိုက်ပြီးတော့ အိမ်ရှေ့က ကွပ်ပျစ်ပေါ်မှာ သေသေချာချာလေး တင်ထားလိုက်တယ်။ ပြီးတာနဲ့ ချာခနဲ လှည့်ထွက်လာလိုက်တော့တယ်။

အနောက်အိမ်တော်ကို မဝင်သေးခင်မှာ ပင်မအိမ်တော်ကို ဝင်လိုက်တယ်။ သားအဖတွေ ဆိုတာက ညီလာခံမှာ မတည့်တာမျိုး ဖြစ်နိုင်တယ်။ အိမ်တွင်းရေး အဆင်မပြေတာမျိုးလည်း ဖြစ်ကောင်း ဖြစ်နိုင်ပေမဲ့ တစ်ခုခု အရေးကြုံလာတာမျိုး ဆိုရင်တော့ ပစ်ပယ်ထားလိုက်လို့ ရတာမျိုးမဟုတ်လေဘူး။ ဘယ်လိုပဲ ဖြစ်ဖြစ် သွေးက စကားပြောတာတို့ သွေးက ရေထက်တော့ စေးတယ် ဆိုတာတို့က တကယ်ကို မှန်နေသေးတာ။

အိမ်တော်ထဲကို လှမ်းဝင်လိုက်တာနဲ့ အိမ်တော်ရဲ့ အစေခံတွေက သူ့ကို ရိုရိုကျိုးကျိုးနဲ့ နှုတ်ဆက်ကြတယ်။ သူတို့တွေကို ကျော်လွှားပြီးတော့ ပင်မအိမ်တော်ရဲ့ အခန်းထဲကို လွှားခနဲ ရောက်သွားတော့... အဖေက သူ့ကို မျက်လွှာပင့်ကြည့်လာတယ်။

"အိမ်တော်ကို ဝင်လာတဲ့အချိန် သူခိုးဓားပြလိုမျိုး မဝင်လာလို့ မရဘူးလား"

လာတာနဲ့ တန်းပြီး ဆူဆဲနေတဲ့ ဆံပင်ဖြူနေပြီဖြစ်တဲ့ အဘိုးအိုကို သေသေချာချာ စူးစိုက်ကြည့်လိုက်ပြီးမှ လိုရင်းစကားကို တန်းပြောလိုက်တယ်။

"ဒီကာလတွေမှာ အိမ်တော်က ဘာလုပ်လုပ် သေချာသတိနဲ့လုပ်... ပင်မအိမ်တော် တစ်ခုခု ဖြစ်သွားရင် ကျွန်တော့်တာဝန်မဟုတ်ဘူး"

ယွန်းအိမ်တော် သခင်ကြီးက မကျေမနပ် ဖြစ်သွားတာများ သူ့ပါးစပ်ကနေ ရှူးရှူးရှားရှား အသံတွေတောင် ထွက်လာတယ်။ ဘေဂျွန်းကတော့ ရယ်မောချင်ရုံပဲ။ ဒီလူက အသက်ကြီးလာလေ သူ့စိတ်ကို သူ မထိန်းနိုင်တော့လေပါပဲ။

ယွန်းဘေဂျွန်းHikayelerin yaşadığı yer. Şimdi keşfedin