ယွန်းဘေဂျွန်း-၁၃

2.8K 374 36
                                    

ယွန်းဘေဂျွန်း-၁၃

ဂျီအန်းက ယူဒိုကို ဘေးသို့ တွန်းလိုက်ပြီးမှ ခါးမှာချပ်ထားတဲ့ ဓားကို ဆွဲထုတ်လိုက်သည်။ ပြီးနောက် အလွန်အမင်း သတိထားသော အနေအထားဖြင့် ကိုယ်ဟန်အနေအထားကို ပြောင်းလိုက်၏။

"အာ မင်းသားဂျီအန်းက သိပ်ပြီးတော့ ခက်ထန်တာပဲ၊ ဂျီဝူးကို ဘာလို့များ ကတိပေးခဲ့မိပါလိမ့်၊ ဒီလိုခက်ထန်တဲ့ ပုံစံကလည်း ငါ့ အကြိုက် ဖြစ်နေသေးတာပဲ"

"သောက် ရွံစရာကောင်"

"ဖျောက် ဒုတ်"

"ဘုန်း အ"

ဘေဂျွန်းက သစ်ပင်ကို မှီလျက်ရှိနေရာမှ ဆတ်ခနဲ ကိုယ်ကို တစ်ပတ်လှည့် ပစ်လိုက်ပြီးမှ ဂျီအန်းကိုင်ထားသော ဓားကို ခြေဖျားဖြင့် ခတ်လိုက်ပြီးမှ ကျန်ခြေထောက်ဖြင့် ဂျီအန်း၏ ပုခုံးရိုးစွန်းကို ကျကျနန ကန်ပစ်လိုက်လေသည်။ ဂျီအန်း၏လက်အတွင်းမှ ဓားက မြေပြင်တွင် စိုက်သွားပြီးနောက် ဂျီအန်းက ထိုဓားအနားသို့ပင် ပက်လက်လန်လျက်ဖြင့် မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။

ဂျီအန်းက လူးလဲ ထရပ်လိုက်ပြီးမှ အနားတွင် ကျနေသော ဓားဆီသို့ လက်လှမ်းလိုက်သည်တွင်၊

"ဂျွတ်"

"အား!!"

လက်ထောက်လိုက်သော လက်ဖျံတည့်တည့်သို့ ရိပ်ခနဲ ခုန်ကန်ပစ်လိုက်ခြင်းတွင် လက်တံတောင်ဆစ်မှ ဂျွတ်ခနဲ အသံက ညနက်နက်တွင် ထင်ထင်ရှားရှား ကြားရလေသည်။ ပြီးနောက် ဂျီအန်း၏ သည်းထန်လှသော အော်သံက တောနက်အတွင်း ကျယ်လောင်စွာ ထွက်ပေါ်လာတော့၏။

"ဂျီအန်း! ဂျီအန်း"

ဒီလို ဒဏ်ရာက ဂျီအန်းလို သာမာန်ကုန်သည်တစ်ဦးလောက်သာ ရှိသောသူ အတွက် အလွန်အမင်းကို မခံနိုင်ဖွယ် ဖြစ်မည်မှာ မလွဲမသွေပင်၊ ယူဒို ဂျီအန်းဆီသို့ ပြေးသွားလိုက်ပြီးနောက် လဲကျနေရာကနေ တွဲထူပေးဖို့ကို ပြင်လိုက်မိသည်။ သို့သော်၊ အနောက်ဖက်မှ ရွှမ်းခနဲ အသံကို ကြားလိုက်ရပြီး ယူဒိုကို ဂျီအန်းက ဘေးသို့ တွန်းဖယ်ပစ်လိုက်လေသည်။

"စွပ် အား!!"

ယူဒို ဘေးနားသို့ လဲကျမလို ဖြစ်သွားရာမှ အနောက်သို့ ချက်ချင်း လှည့်ကြည့်လိုက်တော့ ပြုံးရယ်နေသော ဘေဂျွန်း၏ မျက်နှာက သွေးပျက်ဖွယ် ကောင်းလွန်းနေသလိုပင်၊ ဘေဂျွန်း၏လက်အတွင်းဝယ် သက်တောင့်သက်သာ ကိုင်ထားသော ဓားအရှည်၏ အဖျားပိုင်းက ဂျီအန်း၏ပေါင်တွင် စိုက်ဝင်နေပြီး သွေးများက အထိန်းအကွပ်မဲ့နေသလိုပင် ရွဲရွဲစိုစိုဖြင့် ချက်ချင်းပင် ထွက်ကျလာ၏။

ယွန်းဘေဂျွန်းDonde viven las historias. Descúbrelo ahora