ယွန်းဘေဂျွန်း-၃၉

1.2K 167 24
                                    

ယွန်းဘေဂျွန်း-၃၉

ပြိုင်ပွဲနေ့၊ ဒုတိယအဆင့် ပြိုင်ပွဲ ဖြစ်တဲ့အတွက် နန်းတော်က စစ်ရေးခေါင်းဆောင်များပါ လာရောက်ကြည့်ရှုကြတယ်။ စင်မြင့်ကို ၁၀ခု ပြုလုပ်ထားတယ်။ စင်မြင့်အသီးသီးမှာ ဒိုင်လူကြီးတွေ ရှိတယ်။ ပွဲစင် ထိန်းသိမ်းရေးမှုးတွေလည်း ရှိတယ်။

ယူဒိုနဲ့ တစ်သင်းတည်း အတူတူ ကျတဲ့သူတွေက ယူဒိုနဲ့ မရင်းနှီးတဲ့သူတွေ ဖြစ်တယ်။ ဒါပေမဲ့ ဒီနေ့ပြိုင်ပွဲရဲ့ အကျိုးရလဒ်က မြင်သာတယ်လို့ ယူဒို ထင်တယ်။

ဘာလို့လဲ ဆိုတော့ အသင်းအဖွဲ့နဲ့ လျှပ်တပြတ် လှုပ်ရှားတတ်မှုကို သင်ယူစေချင်တာ ဖြစ်နိုင်တယ်။ တကယ်လို့သာ ရုတ်တရက် အခြေအနေ တစ်ခုမှာ ကိုယ်နဲ့ သိရုံတင်သိတဲ့ တပ်သားတစ်ယောက်နဲ့လည်း အတူတကွ လှုပ်ရှားတတ်စေဖို့၊ ထူးချွန်တပ်သားတစ်ယောက် ဖြစ်လာနိုင်ဖို့ကို ပြိုင်ပွဲတွေကနေ တစ်ဆင့် လေ့ကျင့်ပေးတဲ့ နည်းလမ်းက မဆိုးဘူး။

တစ်ရက်တည်းနဲ့ တပ်သား၃၀၀ လုံးက ၅ယောက်တစ်ဖွဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်တယ်။ စင်မြင့်၁၀ခုမှာ ပွဲစဉ် ၆ခု ယှဉ်ပြိုင်ပြီးရင်တော့ အနိုင်ရရှိတဲ့ အဖွဲ့ထဲက လူတွေက ဒုတိယအဆင့်ရဲ့ ဒုတိယရက်ကို ယှဉ်ပြိုင်ခွင့် ရမှာ ဖြစ်တယ်။ ဒါပေမဲ့ ဒုတိယရက်အတွက် သတ်မှတ်ချက်က အယောက်၆၀သာ ဖြစ်တယ်။

နောက်တစ်ရက်မှာ အယောက်၁၅၀က နှစ်ယောက်တစ်ဖွဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပြီတော့ နောက်ထပ်တစ်ဝက်တိတိကို ဖြုတ်ချထားခဲ့မှာ ဖြစ်တယ်။ အဲဒီအတွက် ဒုတိယအဆင့်ပြီးတဲ့နောက်မှာ ၇၅ပဲ ကျန်ရှိမှာ ဖြစ်တယ်။ အဲဒီ ၇၅ယောက်ကပဲ တတိယအဆင့်ကို တက်ရောက်နိုင်မယ်။

ယူဒိုနဲ့အတူ ယှဉ်ပြိုင်မဲ့သူတွေက ယူဒိုကို တွေ့ပြီးတာနဲ့ အဆင်မပြေတဲ့ မျက်နှာထားကို ပြကြတယ်။ သေချာပေါက်ပါပဲ။ ယူဒိုက သူတို့ကို စိတ်ပျက်စေဟန် တူတယ်။ ပွဲစဉ်အရ ယူဒိုက တစ်ဖက်ကလူနဲ့ တိုက်ခိုက်ရမှာ ဖြစ်တယ်။ သူတို့က ယူဒိုကို တကယ်ကို အထင်သေးတယ်။ ဒါပေမဲ့ သူတို့ကို စိတ်ဆိုးလို့တော့ မရဘူး။

၅ယောက်လုံး စင်ပေါ်ကို ရောက်လာတယ်။ တစ်ဖက်ကလူတွေကပါ ရောက်လာတော့ ယူဒိုလည်း တကယ်ကို ထိတ်လန့်သွားတယ်လို့ ပြောရမယ်။ ဘာလို့လဲ ဆိုတော့ တစ်ဖက်အသင်းက ၃ယောက်က တကယ်တော်တဲ့ တိုက်ခိုက်ရေးသမားတွေ ဖြစ်တယ်။

ယွန်းဘေဂျွန်းHikayelerin yaşadığı yer. Şimdi keşfedin