59 01
ယွန်းဘေဂျွန်း-၅၉
တခြားသော ပွဲစဉ်နှစ်ခုကို ပြိုင်ကြတဲ့အချိန်မှာ ယူဒိုက ခဏနားလို့ ရတယ်။ နေ့လည် မတိုင်မီမှာပဲ ယူဒိုက မြင်းစီးပြိုင်ပွဲကို ယှဉ်ပြိုင်ရတော့တယ်။
မြင်းစီးပြိုင်ပွဲက ရိုးရှင်းလှတယ်။ လူအများက မြင်းများကို ရွေးချယ်ပြီးတော့ ပန်းတိုင်အရောက် ပန်းဝင်တဲ့အထိ စီးနင်း ယှဉ်ပြိုင်ရမှာ ဖြစ်တယ်။
ယူဒိုက အလယ်အလတ် မြင်းသန့်တစ်စီးကို ရွေးချယ်လိုက်တယ်။ ယှဉ်ပြိုင်သူက ၅၇ဦး ရှိတယ်။ မြင်းသန့်က အကောင်းဆုံး မြင်းထဲမှာ မပါလေရာ ယူဒိုက ရှစ်ယောက်မြောက် ပန်းဝင်သူ ဖြစ်တယ်။ ရမှတ်က မဆိုးလှ။ ရမှတ် ၈မှတ်တော့ ရလေတယ်။
များတယ်လို့ မဆိုသာသော်လည်း နည်းတယ်လို့လည်း ပြောလို့တော့ မရ။ ယှဉ်ပြိုင်ပွဲ နှစ်ခု ပြီးသွားတဲ့နောက် ယူဒိုရဲ့ ရမှတ်များက ၁၉မှတ် ရရှိထားပြီး ဖြစ်ကာ အဆင့်သတ်မှတ်ချက်အားဖြင့် ၇၁မှာ ရှိနေတယ်။ အတော်လေး နိမ့်တယ်လို့ ပြောလို့ရပေမဲ့ ယူဒိုက ပွဲစဉ်၂ခုသာ ယှဉ်ပြိုင်ရသေးတာ ဖြစ်တယ်။ တချို့က ပွဲစဉ် ၃ခု ပါဝင်ပြီး ဖြစ်တာကြောင့် ရမှတ်က များနေတာ ဖြစ်တယ်။
နောက်ထပ် ပွဲစဉ်က မြင်းစီးပြီးတော့ မြှားပစ်တာ ဖြစ်တယ်။
ယူဒိုက ခါတိုင်းလိုပဲ မျက်လုံးကို စည်းပြီး ယှဉ်ပြိုင်ပေမဲ့ တခြားသူများကပါ မျက်လုံးစည်းလျက် ပါဝင်ကြတယ်။ မြင်းစီးပြီး မြှားပစ်ခြင်းမှာ ယူဒိုက ရမှတ် ၇မှတ်ကို ထပ်ရလိုက်တယ်။ ဒါကြောင့် ယူဒိုရဲ့ ရမှတ်က စုစုပေါင်း ၂၆မှတ်ကို ရရှိသွားတယ်။ အမှတ်စဉ်အားဖြင့် ၄၀ကျော်အထိ ခုန်တက်လာပြီး ဖြစ်တယ်။
ဒါပေမဲ့ ယူဒိုက နောက်ဆုံးပွဲစဉ် မြင်းစီးချင်းထိုးတဲ့ပွဲစဉ်မှာ အားအနည်းဆုံး ဖြစ်နိုင်တယ်။ ရမှတ်က နိမ့်သွားပြီးတော့ ၅၀ထဲ မဝင်သွားဘူး ဆိုတာတောင် ဖြစ်နိုင်တယ်။
မြင်းစီးချင်းထိုးပွဲစဉ်က နောက်ဆုံးပွဲစဉ် ဖြစ်ကာ နောက်ဆုံးတော့ ရောက်လာပြီဖြစ်တယ်။
ယူဒိုက မြင်းပေါ်ကို တက်လိုက်တယ်။ လက်ထဲမှာ လှံကို ကိုင်ထားတယ်။ ယှဉ်ပြိုင်ရမဲ့သူက အတော်လေး အားကောင်းတဲ့ ပြိုင်ဘက်ဖြစ်တာကို တွေ့လိုက်ရတယ်။ အနိုင်ရင်တောင် အနည်းဆုံး သရေဖြစ်ပြီး ရမှတ် ၃မှတ်ကနေ ၅မှတ်လောက် ရထားဖို့ လိုတယ်လို့ တွေးလိုက်မိတယ်။
YOU ARE READING
ယွန်းဘေဂျွန်း
Historical Fictionယွန်းဘေဂျွန်းဆိုတဲ့ စစ်သူကြီးက ရုပ်လေးလှသလောက် ဆိုးသွမ်းတယ် ဆိုပြီး နာမည်ကျော်တယ်။ သူ ဆိုးတဲ့ပုံစံက တစ်မျိုး.. သူ သေပေးချင်တဲ့သူအတွက်ဆိုရင် အသက်ပါပေးရဲပြီးတော့ သူ ဖျက်ဆီးပစ်ချင်တဲ့သူ ဆိုရင် အမှုန်အမွှားဖြစ်တဲ့အထိ ဖျက်ဆီးပစ်ချင်ပါတယ်တဲ့။ ဒါနဲ့ သူက င...