ယွန်းဘေဂျွန်း-၂၄

2.2K 346 202
                                    

ယွန်းဘေဂျွန်း-၂၄

တစ်လတာ ကာလက ကုန်ဆုံးသွားပြီ ဖြစ်တယ်။ ယူဒိုလည်း လေ့ကျင့်ရေးတွေနဲ့ အသားကျသွားပြီ။ ဒီမနက်မှာလည်း နိုးထလာတော့ စိမ်းရွှေရွှေ ဖြစ်နေပေမယ့် ခပ်သင်းသင်း လိမ်းဆေးအနံ့က သူ့ဆီကနေ ထွက်ပေါ်လာတယ်။ ယူဒို ခပ်သဲ့သဲ့လေး ပြုံးလိုက်မိတယ်။

ဒီတပ်ခွဲကိုးက တပ်သားတွေက စိတ်ကောင်းရှိကြတယ်။ ယူဒို အိပ်ပျော်သွားတိုင်းမှာ သူတို့က ဆေးလိမ်းပေးတယ်။ ဒါပေမယ့် အခုနေမှာ ယူဒိုက ဆေးလိမ်းပေးဖို့ မလိုတော့ဘူး။ လေ့ကျင့်ရေးတွေနဲ့ အသားကျသွားပြီ ဖြစ်လို့ ဆေးလိမ်းတယ် ဆိုတာက ဖြုန်းတီးရာ ကျနေပြီဆိုတာ တစ်ယောက်ယောက်ကို ပြောမှ ဖြစ်မယ်။ အကောင်းဆုံးကတော့ တပ်ခွဲမှုးဖြစ်တဲ့ ဂန်ဆူကို ပြောလိုက်တာက အကောင်းဆုံး ဖြစ်နိုင်တယ်။

အိပ်နေရာကနေ အိပ်ရာကို ခေါက်သိမ်းလိုက်ပြီးနောက် ယူဒို လေ့ကျင့်ရေးကွင်းသို့ ပြန်မဝင်ရသေးမှီမှာ စကားပြောဖို့ ပြင်လိုက်တယ်။

"ဒီကို ရောက်လာတာကလည်း မကြာသေးပဲနဲ့၊ ဒီလတွေမှာကလည်း ပြိုင်ပွဲအတွက် လေ့ကျင့်ရေးတွေနဲ့ ကျွန်တော့်ညီအစ်ကိုတွေနဲ့ စကားကောင်းကောင်း မပြောမိသေးဘူး၊ မင်းတို့အားလုံး ကျွန်တော့်ကို ဂရုစိုက်ပေးကြတာ ကျေးဇူးတင်ပါတယ်"

ယူဒို ပထမဆုံးအကြိမ် အားလုံးကို ဦးညွှတ်လိုက်တယ်။ ကျန်တဲ့သူအားလုံးက ယူဒိုကို ထူးဆန်းတဲ့ အကြည့်တွေနဲ့ ကြည့်လာတယ်။ ယူဒို အနည်းအမ်း သွားပေမယ့် ပြောလိုရာကို ဆက်ပြောလိုက်တယ်။

"အခုဆိုရင် ကျွန်တော်က တော်တော်လေး အသားကျနေပြီ၊ နာကျင်တာလည်း မရှိတော့ဘူး ဆိုတော့ ညပိုင်းတွေမှာ ဆေးမလိမ်းပေးရင်လည်း အဆင်ပြေနေပါပြီ"

ဘတ်ယော မျက်နှာသစ်ပြီး ပြန်လာသည်တွင် ထိုစကားကို ကြားလိုက်ရတယ်။ ဂန်ဆူတပ်ခွဲမှုးကို ချက်ချင်း လှမ်းကြည့်လိုက်မိတယ်။ ဒီကိစ္စကို တပ်ခွဲမှုးက ဘယ်လို ဖြေရှင်းပေးမှာလဲ ဆိုတဲ့ မေးခွန်းကိုပါ မျက်လုံးတွေနဲ့ မေးမြန်းလိုက်တယ်။

"ဆေးတွေက ပိုနေတာ အသုံးချဖို့ နေရာမရှိဘူး၊ မင်းက အသစ်ဆိုတော့ မင်းကို ပေးသုံးတာက အဆင်ပြေပါတယ်"

ယွန်းဘေဂျွန်းTahanan ng mga kuwento. Tumuklas ngayon