အခန်း-၄၇
ဒါကလည်း ရော်ဟွားမှာ မသိတဲ့သူ မရှိသလောက်ပါပဲ။ ဘေဂျွန်းစစ်သူကြီးက လူရည်သန့်ကိုပဲ သုံးတာ ဆိုတာမျိုး၊ အသန့်ကြိုက်တယ် ဆိုတာထက် ဘေဂျွန်းစစ်သူကြီးအနားကို ကပ်ရဲတာက အမျိုးသားရော အမျိုးသမီးရော ရှားပါးတယ်လေ။
ရော်ဟွားရဲ့ပိုင်ရှင် ကိုယ်တိုင်က ဘေဂျွန်းစစ်သူကြီးကို မိတ်ဆက်ပေးထားတဲ့ နှစ်ယောက် ဆူးလေးနဲ့ ဟွန်းလေး..။ သူတို့နှစ်ယောက်က ရော်ဟွားမှာပဲ ကြီးပြင်းလာတာ အခုဆိုရင် အသက်ဆယ့်ခြောက်နှစ် ပြည့်တော့မှာ။ ဒါပေမဲ့ သူတို့နှစ်ယောက် လုပ်ရတာက နေ့တိုင်း ဘေဂျွန်းစစ်သူကြီး လာမလာကို စောင့်ဆိုင်းရုံပဲ။ တခြားသူတွေဆီမှာ အသုံးတော်ခံဖို့ မလိုဘူး။
အသံကျယ်ကျယ်က ရော်ဟွားတစ်ခုလုံး အနှံ့ပျံ့သွားတော့မလိုပဲ။ ဘေဂျွန်း အဲဒီမိန်းမလှကို တစ်ချက် ကြည့်လိုက်ပြီးတော့မှ မျက်နှာလွဲလိုက်တယ်။
ဆူးလေးနဲ့ ဟွန်းလေးက ဘေဂျွန်းအနားကို ပြေးကပ်လာပြီးတော့ လက်ကို မရဲတရဲလေး လာဆွဲတယ်။ ဘေဂျွန်းစစ်သူကြီးက သုံးတယ် ဆိုရင်တောင်မှ အလိုရှိသလို သူ့အသားကို လူထိတာ မကြိုက်ဘူး။ နမ်းတာ မကြိုက်ဘူး။ ပြီးတော့.. မကြိုက်တာမှ အများကြီးပဲ။
ဘေဂျွန်းက ဆူးလေးနဲ့ ဟွန်းလေး ထိတ်လန့်နေကြတာကို လျစ်လျူရှုလိုက်တယ်။ လိုရင်းကို တန်းမေးတယ်။
"ကုန်သည်အီ ဘယ်အဆောင်မှာ နားနေတာလဲ"
"ကုန်သည်အီက မနေ့တုန်းက ပြန်ရောက်လာတာ သူက.. အမျိုးသားသီးသန့်ဆောင်ကို ငှားယူထားပြီးတော့ လူလည်း ငှားထားတယ်"
"ကောင်းပြီ.."
"ဘေဂျွန်းစစ်သူကြီး မလာတာ ဒီလောက်ကြာတာတောင်မှ.."
ဆူးလေးက စကားနဲ့ အတွန့်တက်ဖို့ ပြင်တယ်။ ဘေဂျွန်းက သူတို့ကို မကြည့်တော့ဘဲနဲ့ အမျိုးသားသီးသန့်အဆောင်ဘက်ကို ခြေလှမ်းကျဲတွေနဲ့ လျှောက်သွားလိုက်တယ်။
ရော်ဟွား.. အမျိုးသားသီးသန့်ဆောင်၊
တောင်စောင်းနဲ့ အနီးဆုံးနေရာကို ဘေဂျွန်းလျှောက်သွားလိုက်ပြီး ခြံဝန်းငယ်ထဲကို လှမ်းဝင်လာခဲ့တယ်။ ရေလှိုင်းခတ်သံတချို့ကို ကြားလိုက်ရပြီးတော့ ခပ်တိုးတိုး ရယ်သံတချို့ကို ကြားလိုက်ရတယ်။ ပြီးတော့ တိုက်ခိုက်သံတချို့၊
ESTÁS LEYENDO
ယွန်းဘေဂျွန်း
Ficción históricaယွန်းဘေဂျွန်းဆိုတဲ့ စစ်သူကြီးက ရုပ်လေးလှသလောက် ဆိုးသွမ်းတယ် ဆိုပြီး နာမည်ကျော်တယ်။ သူ ဆိုးတဲ့ပုံစံက တစ်မျိုး.. သူ သေပေးချင်တဲ့သူအတွက်ဆိုရင် အသက်ပါပေးရဲပြီးတော့ သူ ဖျက်ဆီးပစ်ချင်တဲ့သူ ဆိုရင် အမှုန်အမွှားဖြစ်တဲ့အထိ ဖျက်ဆီးပစ်ချင်ပါတယ်တဲ့။ ဒါနဲ့ သူက င...