ယွန်းဘေဂျွန်း-၂၇
ဂျောင်ဆူး ဒီကိစ္စကို ဘယ်လို ဖြေရှင်းရမလဲ ဆိုတာကို တွေးတောနေမိတယ်။ သခင်လေးက ငြိမ်ချက်သားကောင်းစွာနဲ့ တစ်နေရာကို ငေးကြည့်ရင်း စကားမဆိုပဲ မျက်ဝန်းတို့က အရောင်တောက်ပနေတယ်။ နေအုံး သခင်လေးက ဒေါသထွက်နေတယ်။ ဒါပေမယ့် အမေးစကား မေးလာတဲ့ တပ်သားကို မဟုတ်ဘူး။
အဲဒီတပ်သားဘေးနားက အင်္ကျီမပါတဲ့လူကို ဖြစ်တယ်။ ဘာကို ဒေါသထွက်ဖို့ လိုနေလို့လဲ။ မဟုတ်မှလွဲရော ဒီလူ အင်္ကျီမပါတဲ့ ကိစ္စကို သခင်လေးက စိတ်ဆိုးနေတာတော့ မဟုတ်လောက်ဘူးလားလို့၊ ဂျောင်ဆူး သခင်လေးက ဆတ်ခနဲ မျက်နှာလွဲလိုက်တော့ ဂျောင်ဆူး အသိပြန်ဝင်လာတယ်။
"ဟုတ်တယ် ငါ တဲအသစ်ဆောက်သင့်တယ်၊ မင်း ဘာလို့ တစ်ယောက်တည်း မလုပ်နိုင်ရမှာလဲ၊ မင်းရဲ့စွမ်းအားကို ငါသိအောင် ပြသသင့်တယ်၊ နေမဝင်ခင် ငါ့အတွက် တဲတစ်လုံး အပြီး ဆောက်ပေးရမယ်၊ မင်း တစ်ယောက်တည်း သွားဆောက်တော့"
ဘတ်ယောက ချက်ချင်းပင် နာကျင်ဆွံ့အသွားပြီးနောက် တိတ်ဆိတ်သွားတော့တယ်။ ယူဒို ဘတ်ယောကို တစ်ချက် ကြည့်လိုက်ပေမယ့် ဘတ်ယောက ထိုနေရာမှ ထွက်သွားပြီ ဖြစ်တယ်။ ဘတ်ယောတစ်ဦးတည်းသာ သွားခွင့်ရသေးတာမို့ တခြားသူတွေ အားလုံးက ငြိမ်သက်နေကြတယ်။
"မင်းတို့ ဒီနေရာကို ပျော်ပွဲစားထွက်ဖို့ လာတယ် ထင်နေတာလား၊ မင်းတို့ တစ်ဦးချင်းစီက တက်ကြွမှု မရှိဘူး၊ အဆင့်သင့်ပြုလုပ်ထားမှု မရှိဘူး၊ မင်းတို့ အဝတ်အစားတောင် အပြည့်အစုံ မဝတ်နိုင်ကြဘူးလား၊ အခုချိန် ကျူးကျော်မှု ပြုလာရင် မင်းတို့တွေ သေလိုက်ကြတော့မှာလား!!"
စစ်သူကြီးက အမိန့်ပေးတာကလွဲရင် အပိုစကားပြောခဲတယ်။ စစ်သူကြီး မလိုလားသော စကားကို ဆိုလိုက်တာနဲ့ ဒါက မြောက်ပိုင်းတပ်အတွက် စည်းမျဉ်းအသစ်တစ်ခု တိုးသွားခြင်းသာ ဖြစ်တယ်။ ဂျောင်ဆူး သခင်လေးပြောနေတာကို နားထောင်မိရင်း တခြားသော စစ်သည်တော်များကို သနားသွားမိတယ်။
ကံဆိုးစွာနဲ့ တစ်စုံတစ်ယောက်က အဝတ်ပါမလာပဲ ကွင်းထဲကို ပြေးဝင်လာခဲ့တယ်။ အဲဒီတစ်ယောက်ကို အဲ့ပုံစံအတိုင်း မမြင်လိုတာနဲ့ပဲ တခြားသော သူတွေက ဒုက္ခရောက်ရတော့မယ် ထင်တယ်။
ČTEŠ
ယွန်းဘေဂျွန်း
Historická literaturaယွန်းဘေဂျွန်းဆိုတဲ့ စစ်သူကြီးက ရုပ်လေးလှသလောက် ဆိုးသွမ်းတယ် ဆိုပြီး နာမည်ကျော်တယ်။ သူ ဆိုးတဲ့ပုံစံက တစ်မျိုး.. သူ သေပေးချင်တဲ့သူအတွက်ဆိုရင် အသက်ပါပေးရဲပြီးတော့ သူ ဖျက်ဆီးပစ်ချင်တဲ့သူ ဆိုရင် အမှုန်အမွှားဖြစ်တဲ့အထိ ဖျက်ဆီးပစ်ချင်ပါတယ်တဲ့။ ဒါနဲ့ သူက င...