ယွန်းဘေဂျွန်း-၉
"ဝရော.."
အိမ်တော်ခန်းမတံခါးကို အသာလေး ဆွဲဖွင့်သံကို ကြားလိုက်တော့ ယူဒို ဆတ်ခနဲ တွန့်သွား၏။ ဟိုနေ့ညတုန်းကလို ကြမ်းတမ်းရိုင်းစိုင်းသော အိပ်မက်ဆိုးမျိုး ထပ်မက်တော့မလား ဆိုသည့် အတွေးနှင့် ခြေထောက်တွေကပါ စောင်အတွင်းဝယ် အလိုလျောက် ကွေးညွှတ်သွားမိသည်။
အံကို တင်းတင်းကြိတ်လိုက်ပြီးမှ ဖြစ်လာသမျှကို ခံနိုင်ရည်ရှိဖို့ အသက်ကို မှန်မှန်ရှုလိုက်သည်။ ~ယူဒို၊ မင်း သူ့ဆီကနေ သနားကြင်နာဖို့များ မျှော်လင့်ထားသေးသလား၊ မင်းနဲ့ အဲ့ဒါက ထိုက်တန်လို့လား၊ သွေးဆိုးသွေးညစ်နဲ့ကောင်ရဲ့~ ကိုယ့်ကိုယ်ကို စိတ်အတွင်းကနေ ကျိန်ဆဲလိုက်ရင်း မျက်လုံးကို တင်းတင်းမှိတ်၊ လက်သီးကို အလိုလျောက် ဆုပ်ထားလိုက်မိသည်။
သို့သော် အခန်းအတွင်းသို့ ခြေသံဖွဖွဖြင့်သာ ဝင်လာပြီး အနားတွင် အသာအယာ လှဲလျောင်းလိုက်တာကို သိလိုက်သည်။ ကျောနောက်ကနေ စောင်တွေနှင့် လုံးထွေး၍ ဆွဲယူလိုက်ပြီးနောက် ပွေ့ဖက်ကာ ငြိမ်သက်သွားသည်။
"အခုမှပဲ နွေးသွားတော့တယ်"
ထိုစိတ်ကျေနပ်သွားသော အသံကို ကြားမှ ဂျွန်းလေး ငယ်ငယ်က အနွေးဓာတ်ကို နှစ်သက်ခဲ့မှန်း အမှတ်ရမိသည်။ ဆောင်းတွင်းဆိုလျှင် မနက်ခင်း နိုးလာပြီးနောက် ရေအေးဖြင့် မျက်နှာသစ်ဖို့ ကြောက်လန့်တတ်ပြီး နေထွက်လာသည်အထိ မျက်နှာမသစ်ပဲ နေတတ်သဖြင့် ယွန်းသခင်မကြီးက ရေနွေးဖြင့် မျက်နှာသစ်ရေ ပြင်ဆင်ပေးခဲ့ရသည်ကို တွေးမိတော့ ယူဒို နှုတ်ခမ်းလေး အလိုလျောက် တွန့်ကွေးသွားမိ၏။
ဆောင်းတွင်းရေချိုးဖို့ကို ဘယ်လိုတောင် ခြေကန်ရုန်းခဲ့တာလဲ ဆိုတာကို တွေးမိတော့ ယူဒိုကျောအနောက်မှ လူသားမသိအောင် ရယ်ချင်စိတ်ကို မနည်းထိန်းလိုက်ရသည်။ အအေးကြောက်သည်။ အမှောင်ကြောက်သည်။ သရဲကြောက်သည်။ ပိုးကောင်မွှားကောင်လေးတွေ ကြောက်သည်။ လေတိုက်တာ ကြမ်းလျှင်တောင် ကြောက်သည်။ အော်ဟစ်သံ ကျယ်ကျယ်ဆိုလျှင်တောင် တုန်လှုပ်တတ်သည်။ ခွေးလည်း ကြောက်တတ်သေးသည်။ အဲ့လို ကြောက်တတ်တဲ့ လူသားကလေးလေးကိုမှ သူက..၊
ESTÁS LEYENDO
ယွန်းဘေဂျွန်း
Ficción históricaယွန်းဘေဂျွန်းဆိုတဲ့ စစ်သူကြီးက ရုပ်လေးလှသလောက် ဆိုးသွမ်းတယ် ဆိုပြီး နာမည်ကျော်တယ်။ သူ ဆိုးတဲ့ပုံစံက တစ်မျိုး.. သူ သေပေးချင်တဲ့သူအတွက်ဆိုရင် အသက်ပါပေးရဲပြီးတော့ သူ ဖျက်ဆီးပစ်ချင်တဲ့သူ ဆိုရင် အမှုန်အမွှားဖြစ်တဲ့အထိ ဖျက်ဆီးပစ်ချင်ပါတယ်တဲ့။ ဒါနဲ့ သူက င...