ယွန်းဘေဂျွန်း-၂၃
ယူဒို ရင်ထဲမှာ တင်းတင်းကျပ်ကျပ် ဖြစ်သွားပြီးနောက် စစ်ရေးလေ့ကျင့်ကွင်းသို့ သွားရန်သာ ဆုံးဖြတ်လိုက်သည်။ ဘတ်ယောက မသိနားမလည်ဟန်ဖြင့် အနားတွင် ကပ်ပါလာ၏။
"ဒါနဲ့ မင်းနဲ့ စစ်သူကြီးက ဘယ်တုန်းက ဆုံတာလဲ၊ ဘယ်လိုနည်းမျိုးနဲ့လဲ၊ ဘယ်လိုပုံစံလဲ"
"သူက ငါ့ဆီကို ပြေးလာခဲ့တာ"
"မင်းဆီကို ပြေးလာတယ်"
"အင်း လက်နှစ်ဖက်ဆန့်ပြီးတော့ ပြေးလာခဲ့တာ"
ဘတ်ယောက လှမ်းလက်စခြေလှမ်းတွေကို ရပ်တန့်လိုက်ပြီး ယောင်အအဖြင့် သူ့ကိုပါ ရပ်ခိုင်းလာလေသည်။
"သူက မင်းဆီကို လက်နှစ်ဖက်ဆန့်တန်းပြီး ပြေးလာရအောင် သူက ကလေးမို့လို့လား၊ ဒီလိုပုံစံက စစ်သူကြီးရဲ့ပုံစံ မဟုတ်လောက်ပါဘူး"
အဲတုန်းကတော့ သူက ကလေးကိုး၊ ဆိုသော စကားကို ထုတ်မပြောမိတော့ပဲ ယူဒို ပြုံးရုံသာ ပြုံးလိုက်မိတော့သည်။
"ဘတ်ယော မင်းအသက် ဘယ်လောက် ရှိပြီလဲ"
"ဒီနှစ် နှင်းပန်းပွင့်တဲ့လ ကျရင် နှစ်ဆယ်ပြည့်မှာ"
"ရှစ်လတောင် လိုသေးတယ်"
"အင်း ဟုတ်တယ်၊ မွေးလကျလို့ ရှေ့တန်းမထွက်ရရင် အမေ့အိမ်ပြန်ဖို့ ခွင့်တင်ဖို့ ပြောထားတယ်၊ တပ်ခွဲမှုးက စစ်သူကြီး ခွင့်ပြုရင် ခွင့်ပေးမယ် ပြောတယ်"
"ငါတို့ နောက်ကျနေအုံးမယ် မြန်မြန် သွားရအောင်"
"ကောင်းပြီ"
ယူဒိုနှင့် ဘတ်ယော စစ်ရေးပြလေ့ကျင့်ရေးကွင်းသို့ ရောက်တော့ တချို့သော တပ်သားများက ရောက်ရှိနေကြပြီ ဖြစ်၏။ ယူဒို ခပ်မြန်မြန်ပင် နေရာယူလိုက်သည်။ စစ်ရေးလေ့ကျင့်ရေးကွင်းက မစသေးသည်ဖြစ်၍ ယူဒို ရပ်နေကျ နေရာတွင် ရပ်လိုက်မိသည်။
"ဂင်ယူဒို၊ ပြိုင်ပွဲဝင်ဖို့ နာမည်စာရင်း ထွက်လာတယ် မဟုတ်လား၊ ဒီနေ့ကစပြီးတော့ အထူးကွင်းဘက်ကို သွားရမယ်"
"အထူးကွင်း ဘက်ကို"
"ဘတ်ယော မင်းရောပဲ၊ တပ်ဖွဲ့ကိုးကနေ နာမည်စာရင်း ပါတဲ့ ငါးယောက်က အထူးကွင်းဘက်မှာ လေ့ကျင့်ရေးစရမယ်၊ သွားတော့!"

BẠN ĐANG ĐỌC
ယွန်းဘေဂျွန်း
Tiểu thuyết Lịch sửယွန်းဘေဂျွန်းဆိုတဲ့ စစ်သူကြီးက ရုပ်လေးလှသလောက် ဆိုးသွမ်းတယ် ဆိုပြီး နာမည်ကျော်တယ်။ သူ ဆိုးတဲ့ပုံစံက တစ်မျိုး.. သူ သေပေးချင်တဲ့သူအတွက်ဆိုရင် အသက်ပါပေးရဲပြီးတော့ သူ ဖျက်ဆီးပစ်ချင်တဲ့သူ ဆိုရင် အမှုန်အမွှားဖြစ်တဲ့အထိ ဖျက်ဆီးပစ်ချင်ပါတယ်တဲ့။ ဒါနဲ့ သူက င...