ယွန်းဘေဂျွန်း-၂၅

2.3K 373 150
                                    

ယွန်းဘေဂျွန်း-၂၅

ကြာကန်ခပ်သေးသေးရဲ့ အလယ်နားမှာ အနားယူတဲ့ ဇရပ်ငယ်လေး တစ်ခု ဆောက်လုပ်ထားတယ်။ အဲဒီအထဲမှာ ဘေဂျွန်းနဲ့ ဂျီဝူးက ထိုင်နေတယ်။ ဂျီဝူးမျက်နှာက ကျေနပ်ခြင်းတွေ အပြည့်နဲ့ပဲ၊ ညီလာခံကနေ ဆင်းလာပြီးတော့ ဂျီဝူးငယ်ငယ်က နေခဲ့တဲ့ နန်းဆောင်မှာ နှစ်ယောက်သား ထိုင်နေကြတယ်။

အဝေးကို ငေးကြည့်နေကြတာချင်းတော့ တူတယ်။ တွေးနေကြတာကတော့ မတူညီနိုင်ဘူး။ ဘေဂျွန်းတွေးနေတာက မင်းကြီးက အနေတာ မဟုတ်ဘူး ဆိုတဲ့ အကြောင်းအရင်း ဖြစ်တယ်။ မင်းကြီးက သူလုပ်ချင်တဲ့ အကြောင်းအရင်းကို သေချာနားလည်တယ်။ ပြီးတော့ ဘေဂျွန်းဘာတွေ သိထားတယ်။ ဘာတွေ လုပ်နိုင်စွမ်း ရှိတယ်ဆိုတာကို မင်းကြီးက သိထားတယ်။ ဒါပေမယ့် တားမြစ်ခြင်းမရှိဘူး။ ဘာကြောင့်လဲ ဆိုတဲ့ မေးခွန်းက ခေါင်းထဲမှာ နေရာယူနေတယ်။

"ဒီနေ့အတွက် မင်းကို ကျေးဇူးတင်တယ် ဘေဂျွန်း"

"မလိုဘူး"

"ဒါနဲ့ မင်း ညီလာခံမှာ အဲလိုကြီး ပြောချပစ်လိုက်မယ်လို့ ငါမထင်ထားဘူး"

"မင်းကြီးက ငါ့ကို ပြောခိုင်းတာပါ"

ဘေဂျွန်းတို့ စီမံဆောင်ရွက်နေသမျှကို မင်းကြီးက သိနေတယ် ဆိုတာ အိမ်ရှေ့မင်းသားကို ဘယ်လိုစကားနဲ့ ပြောရမလဲ ဆိုတာကို ထိုင်တွေးနေမိတယ်။ ကြာကန်ထဲက ကြာပန်းတွေက နန်းဆောင်တွင်း လူမနေတာကြောင့် ပြုပြင်မယ့်လူ မရှိပဲနဲ့ ညိုးခြောက်နေတယ်။

ဘေဂျွန်းပြောလိုက်တဲ့ စကားကြောင့် ဂျီဝူးက တအံ့တသြ ဖြစ်သွားဟန် တူတယ်။ ချက်ချင်း တိတ်ကျသွားတယ်။ ပြီးမှ ဘေဂျွန်းဘက်သို့ လှည့်ကြည့်လာတယ်။

"မင်း ဆိုလိုချင်တာက ဘာလဲ ဘေဂျွန်း"

"ဒီနေ့ ညီလာခံမှာ သူသိတယ် ဆိုတာကို ပြောတယ်၊ သူ ခိုင်းသလို လုပ်ဖို့ ငါ့ကို အချက်ပြတယ်"

"ဒါဆို ခမည်းတော်က အားလုံး သိနေတယ်လို့ ဆိုလိုတာလား"

"သူ ဘယ်အထိ သိလဲ ဆိုတာကို ငါမသိဘူး၊ ဒါပေမယ့် သူသိနေတယ် ဆိုတာကို ငါ့ကို သိစေချင်နေတယ်"

ယွန်းဘေဂျွန်းDove le storie prendono vita. Scoprilo ora