ယွန်းဘေဂျွန်း-၄၂

545 85 4
                                    

အခန်း-၄၂

ယူဒို ခြေလက်တွေ သန့်စင်ရေး လုပ်ပြီးတော့ ပြိုင်ပွဲဝင် တပ်သားတွေ စုဝေးတဲ့ဆီကို ပြေးလာခဲ့တယ်။ ဘတ်ယောက ယူဒိုကို တွေ့တော့ လက်လှမ်းပြပြီး သူ့အနားကို ခေါ်တယ်။

"ဒီတစ်ကြိမ်တော့ ပြိုင်ပွဲဝင်တဲ့ တပ်သားတွေကို နန်းတော်ထဲက အကအဖွဲ့ကနေ ကပြဖျော်ဖြေပေးမှာတဲ့ ပြီးတော့ နန်းတော်စားဖိုဆောင်ကလူတွေကို မင်းကြီးက ဒီကို လာဖို့ အမိန့်ပေးထားတယ်လို့ ကြားတယ် မဟုတ်မှလွဲရော ရောက်နေကြပြီ ထင်တယ် ငါတို့ အစားကောင်းစားရတော့မယ်"

"အင်း.."

"စင်ဆောက်ပေးနေကြတာ အခုပဲ ပြီးသွားတာ မင်းကို လိုက်ရှာသေးတယ် ဘယ်သွားနေတာလဲ.."

ယူဒို ဘတ်ယောစကားများနေတာကို အနေရခက်မိတယ်။ မေးခွန်းတွေက တကယ်များတယ်။ သေချာလား ဆိုတာထက်ကို ပိုများနေသေးတယ်။ ဒီနေ့မှ သူက မေးခွန်းတွေ ဖြေပေးနေရတဲ့သူ ဖြစ်နေတော့တာပဲ။

ပြီးတော့ ငါက စစ်သူကြီးရဲ့တဲထဲမှာ အိပ်ပျော်သွားတာ ဆိုတာမျိုးကျ ဖြေလို့ကောင်းတာမျိုး မဟုတ်ဘူး။ ကံကောင်းစွာနဲ့ ဝတ်စုံဆင်တူ ဝတ်ထားတဲ့ အလှလေးတွေ စင်ပေါ်ကို တက်လာတာကို တွေ့လိုက်ရတယ်။

"ဟိုမှာ ကပြဖို့ လူတွေ တက်လာပြီ စင်ပေါ်ကို ကြည့်လေ.."

"အာ.. နန်းတော်အကအဖွဲ့က မိန်းကလေးတွေက တကယ်လှတာပဲ.."

"အင်း.."

"ဒါတောင် အလှဆုံးတွေကို ထုတ်သုံးမှာ မဟုတ်ဘူး ငါတို့က သာမန်တပ်သားတွေပဲလေ နန်းတော်အတွက် အရေးပါတာမျိုး မဟုတ်တော့.. အလှဆုံးတွေကိုတော့ သေချာပေါက် လာခိုင်းမှ မဟုတ်ဘူးလေ"

"အခုလည်း လှနေတာပဲလေ.."

"ဒါပေမဲ့ သူတို့ လှလှ မလှလှ ငါ ရမှာမှ မဟုတ်တာကို"

ဒီလိုကျတော့ တွေးတတ်သားပဲလို့ ယူဒို တွေးလိုက်မိတယ်။ နန်းတွင်းထဲက လူတွေ ဘယ်သူပဲ လှလှ မလှလှ ဒါက ရှင်ဘုရင်နဲ့ပဲ သက်ဆိုင်တာ။ ပြောရရင် ရှင်ဘုရင်ရဲ့ မိန်းမတစ်ပိုင်းတွေပဲ။ ဒါကို လှတာ မလှတာတွေ တွေးပြီးတော့ ခံစားနေဖို့ လိုလို့လား။

ယွန်းဘေဂျွန်းWhere stories live. Discover now