ယွန်းဘေဂျွန်း-၂၂
ညနက်နက်တွင် ဖြစ်သည်။ စစ်သည်တော်များ၏ တဲများက ဟိုမှဒီ ဒီမှဟို အသံစစ ထွက်နေပြီး ပိုးပုရစ်ကောင်များ၏ အော်သံကလည်း တစ်စီစီ ကြားနေရသည်။ အနားယူသော တဲများက မီးများ မှိတ်သွားပြီ ဖြစ်သော်လည် မအိပ်သေးသော တဲများက ဟိုဟိုဒီဒီ မီးဖိုမီးပြပြက ရှိနေသေး၏။
ကင်းတဲများနှင့် ကင်းတာဝန်ကျသော စစ်သည်တော်များ၏ ခြေသံညံညံကတော့ လှုပ်ရှားသွားလာနေမှုကြောင့် ညီညီညာညာ အသံထွက်နေကြသည်။ မြောက်ပိုင်းတပ်မဟာ၏ စည်းမျဉ်းစည်းကမ်းအရ လမွန်းမတည့်မှီ တစ်စိတ်အလိုမှာ တဲများအတွင်းမှ အလင်းမြင်ရသော မီးအိမ်များအားလုံးကို မှိတ်ရမည်။ အိပ်ရမည် ဖြစ်သည်။
SwaeNyoe's Note: (လမွန်းမတည့်မှီ တစ်စိတ် အလို ဆိုတာက ညဆယ်နာရီနဲ့ ဆယ့်တစ်နာရီကြားလို့ သိရပါတယ်၊ ဒီအသုံးအနှုန်းတွေကို စွဲက ကြိုက်လို့ ယူသုံးထားတာ ဖြစ်ပါတယ်၊ မသိလိုက်မှာ စိုးလို့ ပြန်ပြီးတော့ ရှင်းလင်းထားတာ ဖြစ်ပါတယ်။)
တပ်ခွဲကိုးဖြစ်သော တဲအတွင်းမှာ မီးအိမ်ငယ်က တလက်လက်ဖြင့် ပျောင်းပျောင်းနွဲ့နွဲ့ဖြင့် လေယူရာကို ယိမ်းနေလေသည်။ သိပ်မကြာခင်အချိန်မှာ စည်းမျဉ်းအရ မီးအိမ်ကို ငြိမ်းရတော့မည်။ တပ်ခွဲတစ်ခု၏တဲ တစ်ခု ဖြစ်သည့်အားလျှော်စွာဖြင့် လူဦးရေက တပ်ခွဲမှုးအပါ အယောက်သုံးဆယ် ရှိသည်။
တပ်ခွဲနှစ်ဆယ့်ခြောက်က ဖျက်သိမ်းလိုက်ပြီမို့ ယူဒိုက တပ်ခွဲမှုး ဂန်ဆူ၏ လက်အောက် ဘတ်ယောနှင့် တပ်ခွဲတစ်ခုတည်းတွင် နေထိုင်ခွင့် ရသည်။ မြောက်ပိုင်းတပ်မဟာ၏ ထုံးစံအတိုင်းသာ တပ်သားများက ကိုယ့်တာဝန်ကိုယ် သူ့တာဝန်သူ တာဝန်ကိုယ်စီဖြင့် အစီအစဉ် တကျပင် ဖြစ်၏။
ယူဒိုကတော့ နေ့လည်က နာကျင်နေသော ခန္ဓာကိုယ်ဖြင့် စစ်ရေးအကြိုလေ့ကျင့်ရေးကို လုပ်ဆောင်ခဲ့ရသဖြင့် တစ်ကိုယ်လုံး နွမ်းလျနေပြီး ထမင်းစားရေချိုးပြီးသည်နှင့် နေရာရထားသော ထောင့်အတွင်း လှဲလျောင်းလိုက်သည်နှင့် အိပ်ပျော်သွားပြီ ဖြစ်သည်။
"မီးပိတ်မယ်"
တပ်ခွဲမှုးဂန်ဆူ၏ အမိန့်သံကြောင့် ဘတ်ယောက သွက်လက်စွာဖြင့် မီးပိတ်ရန် လက်ပြင်လိုက်သည်တွင် တဲတံခါးလှပ်သံကို ကြားလိုက်ရသည်။ ဂန်ဆူ၏စကားသံ ကျယ်ကျယ်က ထွက်ပေါ်လာသည်။

BẠN ĐANG ĐỌC
ယွန်းဘေဂျွန်း
Tiểu thuyết Lịch sửယွန်းဘေဂျွန်းဆိုတဲ့ စစ်သူကြီးက ရုပ်လေးလှသလောက် ဆိုးသွမ်းတယ် ဆိုပြီး နာမည်ကျော်တယ်။ သူ ဆိုးတဲ့ပုံစံက တစ်မျိုး.. သူ သေပေးချင်တဲ့သူအတွက်ဆိုရင် အသက်ပါပေးရဲပြီးတော့ သူ ဖျက်ဆီးပစ်ချင်တဲ့သူ ဆိုရင် အမှုန်အမွှားဖြစ်တဲ့အထိ ဖျက်ဆီးပစ်ချင်ပါတယ်တဲ့။ ဒါနဲ့ သူက င...