ယွန်းဘေကျွန်း-၅၀

332 37 2
                                    

ယွန်းဘေဂျွန်း-၅၀

ဂျောင်ဆူး တစ်နေရာသို့ ပြေးသွားလိုက်ပြီး သစ်ပင်ပေါ်သို့ လွတ်လပ်ပေါ့ပါးစွာ ခုန်တက်လိုက်ပြီးနောက် ဆန်စပါးများကို လှည်းများဖြင့် သယ်ယူလာပြီး ပျော်ရွှင်စွာ ပြန်လာကြသော တပ်သားသစ်များကို တွေ့လိုက်ကြရသည်။

စစ်စခန်း၏ မူလရည်ရွယ်ချက်က တပ်သားသစ်များအား အနားမယူစေရန် ဖြစ်သော်လည်း ထိုသူများက ဆန်စပါးများကိုပင် ရွာသားများထံမှ လက်ဆောင် ယူလာနိုင်ဟန် တူလေသည်။

အားလုံးက ပျော်ရွှင်နေကြပြီး သီချင်းများပင် ဆိုနေကြသေးသည်။

ဒီလို အခြေအနေမျိုးကြီးမှာ စစ်သူကြီး ဘေဂျွန်းက ဘီလူးသရဲလိုလို ဓားတစ်လက်နဲ့ ထွက်လာပြီး အားလုံးကို ဓားနဲ့သာ လိုက်ခုတ်လိုက်ရင် အားလုံးက ထိတ်လန့်သွားပြီးတော့ ကစဉ့်ကလျား ဖြစ်ကုန်တော့ပေမည်။

ဂျောင်ဆူး သစ်ပင်ပေါ်ကနေ ခုန်ဆင်းလိုက်တော့ အားလုံးက အသင့်အနေအထားသို့ ပြောင်းလဲသွား၏။ ပြီးနောက် ဂျောင်ဆူးကို မြင်လိုက်တော့မှ သူတို့က ဦးညွှတ် အရိုအသေပေးလာသည်။

လှည်းတွန်းနေသော သခင်လေးယူဒိုက အရှေ့သို့ လျှောက်လာပြီးနောက် မေးမြန်းလာသည်။

"ကိစ္စရှိလို့လား..."

ဂျောင်ဆူး ခေါင်းညိတ်ပြလိုက်ပြီးနောက် သခင်လေးယူဒို၏ အင်္ကျီခါးပတ်ကို ခပ်တင်းတင်း ဆုပ်ကိုင်လိုက်ကာ သစ်ပင်ပေါ်သို့ ပြန်ခုန်တက်လိုက်သည်။ သို့သော် အတော်လေးတော့ မမြင့်ချေ။

ပြီးနောက် နောက်တစ်ပင်သို့ ခုန်ကူးလိုက်ပြီး တောအတွင်းသို့ ပြေးဝင်လိုက်သည်။

သခင်လေးယူဒိုကို ခေါ်ဆောင်လာခဲ့ခြင်းက ဂျောင်ဆူးထံတွင် ရည်ရွယ်ချက် နှစ်မျိုးရှိသည်။ သခင်လေးက သေချာပေါက် သခင်လေးယူဒိုကို စောင့်ရှောက်ဖို့ မှာထားခဲ့သည်။ သေချာသည်မှာ သခင်လေးသည် သခင်လေးယူဒိုကို သေချာပေါက် လာရှာပေလိမ့်မည်။

ထို့အတွက် မည်သူမျှ မမြင်နိုင်သော နေရာတွင် ထားထားသည်က သခင်လေး၏ ဂုဏ်သိက္ခာရော သခင်လေးယူဒိုအတွက်ပါ ဘေးကင်းလိမ့်မည်။

ယွန်းဘေဂျွန်းNơi câu chuyện tồn tại. Hãy khám phá bây giờ